spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေး ဘယ်အင်အားစုနှင့်မဆို ဆွေးနွေးမည်ဟု EAO ၇ ဖွဲ့ ပြော

    နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေး ဘယ်အင်အားစုနှင့်မဆို ဆွေးနွေးမည်ဟု EAO ၇ ဖွဲ့ ပြော

    -

    လက်ရှိ မြန်မာ့နိုင်ရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရေး မည်သည့်အင်အားစုနှင့်မဆို တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့က ပြောသည်။

    အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့အနေဖြင့် လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် လိုက်လျောညီထွေသည့် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုကို ရရှိနိုင်ရေး ကြိုးပမ်းနေသည်ဟု အပစ်ရပ် (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    “ကျနော်တို့ EAO ၇ ဖွဲ့အနေနဲ့က ဒီနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားဖို့ အတွက်ဆိုရင် ဘယ်အင်အားစုတွေနဲ့ မဆို ကျနော်တို့က စကားပြောမယ်၊ တိုင်ပင်ညှိနှိုင်းမယ်ဆိုတာကလည်း ကျနော်တို့ ဆုံးဖြတ်ထားတွေလည်း ရှိတဲ့အပေါ်မှာပေါ့လေ၊ လက်ရှိ အာဆီယံပဲဖြစ်ဖြစ်၊ တခြားနိုင်ငံတကာ အင်အားစုတွေနဲ့ ဖြစ်ဖြစ်၊ ကျနော်တို့က ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ၇ ဖွဲ့အခင်းအကျင်းနဲ့ တွေ့ဆုံနိုင်တဲ့ အဆင့်ရောက်အောင်ပေါ့၊ ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်နေဆဲပဲ ဖြစ်တယ်၊ ကြိုးစားနေဆဲပဲ ဖြစ်တယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြင့် ဖွဲ့စည်းထားသည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့ ၏ မဟာမိတ်အဖွဲ့ အစည်းအဝေးကို မေလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ၂ ရက်တာ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြုခဲ့ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

    “ကျနော်တို့အတွက် စုဖွဲ့မှုအသစ်မှာ ကျနော်တို့ လုပ်မယ့်အလုပ်တွေပေါ့ ကျနော်တို့ မူဝါဒတွေ၊ Strategy တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ဒါတွေကို ရေးဆွဲတဲ့ဟာတွေကို ကျနော်တို့က ဒီနှစ်ရက်တာ ဦးဆောင်မှုကော်မတီ အစည်းအဝေးမှာ ကျနော်တို့ အတည်ပြုတာတို့ လုပ်နိုင်တာ ရှိသလို အဲဒီကျနော်တို့ စုဖွဲ့မှု အသစ်မှာပါတဲ့ လုပ်ငန်းကော်မတီမှာလည်းပဲ တာဝန်ကျတဲ့ ကျနော်တို့ ၇ ဖွဲ့က ခေါင်းဆောင်တွေ ရွေးချယ်တာတို့ တာဝန်ပေးထားတာတို့ နောက်ပြီးတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့် အတည်ပြုတာတို့ ဒီနှစ်ရက်တာ အစည်းအဝေးမှာ အဲဒါတွေပဲ ကျနော်တို့ အဓိက လုပ်ဖြစ်ပါတယ်” ဟု ဆိုသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့အနေဖြင့် 7 EAO Alliance ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ နေ့မှာ ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks