spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

    ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာတွင် ပစ်သတ်ခံထားရသည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၏ ရုပ်အလောင်းကို မေလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ရှာဖွေတွေ့ရှိခဲ့ရသည်ဟု သိရသည်။

    ကမ်းနီရွာအုပ်ချုပ်ရေးမှုးဟောင်းဖြစ်သည့် အသက် ၄၀ အရွယ် နိုင်ထွန်းလင်းဆိုသူသည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့ ညနေ ၆ ခွဲအချိန်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့အစည်းတို့က နေအိမ်သို့ ရောက်ရှိလာပြီး နိုင်ထွန်းလင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွာခံတစ်ဦးက ဆိုသည်။

    “နိုင်ထွန်းလင်းက လက်ရှိမှာတော့ ဈေးရောင်းနေတာပေါ့။ အခြားအလုပ်တွေဘယ်လိုလုပ်နေလဲဆိုတာတော့ မသိဘူး။ မျက်စိနဲ့ကိုယ်တိုင်မမြင်ခဲ့တော့ ဘယ်အဖွဲ့က သူ့ကို ပစ်လိုက်လဲဆိုတာလည်း အတိအကျမပြောနိုင်ဘူး။ ဘာကြောင့်ပစ်လိုက်လဲဆိုတာ ပစ်တဲ့အဖွဲ့ကိုမေးမှ သိမယ်။ ကျွန်တော်လည်းမသိဘူး” ဟု ရွာခံကဆိုသည်။

    ထိုနောက် မေလ ၉ ရက်မနက်ပိုင်းတွင် သေဆုံးနေသည့် နိုင်ထွန်းလင်း၏ရုပ်အလောင်းကို ကမ်းနီရွာထိပ်ရှိ တံတားငယ်ပေါ်တွင် ရွာသားတို့က ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။

    နိုင်ထွန်းလင်းကို မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက လာရောက်ဖမ်းဆီးသွားပြီး မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    ကမ်းနီကျေးရွာတွင် စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားသွားလာနေသော်လည်း ယခုအုပ်ချုပ်ရေးမှူးပစ်သတ်ခံရသည့်ဖြစ်စဉ်သည် ပထမဦးဆုံးဖြစ်သည်ဟု ဒေသခံတို့ကဆိုသည်။

    ပြီးခဲ့သည့် ( ၂၀၂၃ ) ခုနှစ် ဇန်နဝါရီလအတွင်း ကရင်လက်နက်ကိုင်အဖွဲ့မှ ဗျူဟာမှုးဖြစ်သူ စောအယ်စေးဝါးဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ကမ်းနီကျေရွာရှိ ပြည်သူ့စစ်နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့်နောက် နိုင်ထွန်းလင်းသည် ကျေးရွာအုပ်ချုပ်ရေးမှုးအဖြစ်မှ နှုတ်ထွက်ထားပြီး ပုန်းရှောင်နေထိုင်နေရသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

    ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျုံဒိုး၊ ကမ်းနီ၊ ကော့ကျိုက် ဒေသအနီးတစ်ဝိုက်တွင် မွန်လွတ်မြောက်ရေးတပ်ဖွဲ့(MLA)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP – AD ၊ ဒေသခံ PDF အဖွဲ့များ၊ ကရင့်လက်နက်ကိုင်အဖွဲ့ပေါင်းစုံ ဖြတ်သန်းသွားလာလျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks