Wednesday, March 11, 2026
More
    spot_img
    Homeသတင်းစားဝတ်နေရေးထက် မူးယစ်ဆေးဝါးကြောင့် ခိုးဆိုးလုယက်မှုများနေ

    စားဝတ်နေရေးထက် မူးယစ်ဆေးဝါးကြောင့် ခိုးဆိုးလုယက်မှုများနေ

    -

    မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် နေ့စဉ် ခိုးဆိုးလုယက်မှုတို့များလျှက်ရှိပြီး စားဝတ်နေရေးထက် မူးယစ်ဆေးဝါးကြောင့် ခိုးဆိုးလုယက်သူတို့ များနေကြောင်း လူမှုအဖွဲ့အစည်းတွင် လှုပ်ရှားနေသူတို့က သုံးသပ်ပြောဆိုသည်။

    လက်ရှိရေးမြို့နယ်တွင် ဖမ်းဆီးရမိသည့် ခိုးဆိုးလုယက်သူတို့သည် မူးယစ်ဆေးဝါး သုံးစွဲနေသူတို့သာဖြစ်ပြီး လူမြင်ကွင်းတွင်မကျန် ဓားပြတိုက် လုယက်နေကြသည်ဟု ရေးမြို့မှ လူမှုအဖွဲ့အစည်းတွင် လှုပ်ရှားနေသူတို့က ဆိုသည်။

    “တော်တော်များများက ထမင်းငတ်လို့ခိုးတာထက်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေများတယ်။ အလုပ်မရှိဘူး အဲဒီအလုပ်မရှိတဲ့အပြင် မူးယစ်ဆေးတွေသုံးစွဲတာများတယ်ပေါ့ ဖမ်းမိလိုက်ရင် အဲမူးယစ်ဆေးဝါးနဲ့  ဆက်နွယ်တာများတယ် ကြည့်လိုက်ရင် ဆေးသမားတွေချည်းပဲ ” ဟု ဆိုသည်။

    အဆိုပါ ခိုးဆိုးလုယက်သူတို့သည် လူငယ်၊လူလတ်ပိုင်းအရွယ်တို့ဖြစ်ပြီး လက်နက်များဝယ်ယူပြီး လှုပ်ရှားလာခြင်းကြောင့် ပြည်သူတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရှိလာကြောင်း ၎င်းကဆက်ပြောသည်။

    လက်နက်ဖြင့် ခြိမ်းခြောက်မှုအပြင် နည်းအမျိုးမျိုးဖြင့် လုယက်နေခြင်းကြောင့် ပြီးခဲ့သည့် မတ်လပထမပတ်အတွင်း ရေးမြို့နယ်တွင် ဆိုင်ကယ် ၄ စီး ခိုးခံခဲ့ရကြောင်း သိရသည်။

     ၎င်းအပြင် ပြီးခဲ့သည့်မတ်လ ၆ ရက်နေ့က ေမာ်လမြိုင်မြို့တွင် တစ်ရက်တည်း ဆိုင်ကယ် ၃ စီးပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုယက်နေသူတို့ကို အရေးယူဖော်ထုတ်ခြင်းမရှိသည့်အပြင် ဆေးခြောက်ဆေးပြားတို့ကို လူမြင်ကွင်းတွင်ပင် ရောင်းဝယ်နေကြခြင်းကြောင့် ဒေသခံတို့ကြား ရတက်မအေးရကြောင်း  မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

    " ဆေးစရိတ်(မူးယစ်ဆေး) တွေမရှိလာရင် အိမ်မှာရှိတဲ့ သံတိုသံစတွေ ခိုးတယ် သူများဆီက နေ့ခင်းကြောင်တောင်ခိုးတယ် စိန်ခေါ်ပြီးခိုးတယ် ဒီည လျှပ်စစ်ဝါးယာကြိုး လာခိုးမယ်ပြောတော့ တကယ်ပဲခိုးသွားတာ မီးတွေလည်းပျက်ကုန်ရော ”ဟု မြို့ခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီမှ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် မြို့အဝင်အထွက်နေရာတို့ကို စစ်ဆေးမှုတင်းကြပ်ထားပြီး CCTV ကင်မရာတို့ တပ်ဆင်ထားသော်လည်း ဒုစရိုက်ကျူးလွန်သူတို့ကို  ဖမ်းဆီးနိုင်ခြင်းမရှိသည့်အပေါ် ဝေဖန်ခံနေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks