Wednesday, March 11, 2026
More
    spot_img
    Homeသတင်းစစ်ဘေးရှောင်စခန်းတို့အတွက် သောက်သုံးရေနှင့် ကျန်းမာရေးလိုအပ်ချက်တို့များနေ

    စစ်ဘေးရှောင်စခန်းတို့အတွက် သောက်သုံးရေနှင့် ကျန်းမာရေးလိုအပ်ချက်တို့များနေ

    -

    မွန်- ကရင်အစပ်  ဂျိုင်းမြစ်ဒေသတစ်လျှောက်မှ စစ်ဘေးရှောင်တို့နေထိုင်သည့် ချောင်းဆုံနှင့် မော်လမြိုင်စစ်ရှောင်စခန်းတို့တွင် အပူချိန်မြင့်မားပြီး ရေခန်းခြောက်မှုပိုများလာခြင်းကြောင့် သောက်သုံးရေလိုအပ်ချက်များလာသည်ဟု စစ်ဘေးရှောင်ကူညီနေသူတို့ထံမှ သိရသည်။

     ချောင်းဆုံမြို့နယ်တွင် နှစ်ပတ်ကျော်ကြာ ရေခန်းခြောက်နေပြီး စစ်ဘေးရှောင်တို့အတွက် သောက်သုံးရေကို မော်လမြိုင်မြို့တွင် ယူဆောင်နေသော်လည်း  ဓာတ်ဆီဈေးနှုန်းကြောင့် အကန့်အသတ်ဖြင့် ယူဆောင် သုံးစွဲနေရသည်ဟု သိရသည်။

    “အဓိကရေပဲလိုအပ်နေတယ်။ ရေခက်ခဲနေတော့မသန့်ရှင်းမှုတွေ ဖြစ်လာတယ်။ အခုပို့နေကျနေရာက လာမပို့ ဖြစ်တော့ဘူး။ ရွာကနေ ရောင်းတဲ့ ရေက တစ်တိုင်ဂီ ၁၅၀၀ ပဲဆို အဲ့ကနေဝယ်ပို့ဖြစ်တယ်။ မော်လမြိုင်ကနေ ရေယူတာက တစ်ခါယူရင် ဓာတ်ဆီခက ၃သောင်းခွဲဆို ဆယ်တိုင်ဂီပဲရတယ်”ဟု ချောင်းဆုံတွင် စစ်ဘေးရှောင် ကူညီကယ်ဆယ် သူတစ်ဦးက ဆိုသည်။

    ရေသုံးစွဲမှုနည်းပါးခြင်းကြောင့် ဝမ်းရောဂါနှင့် အခြားရေဓါတ်ခမ်းခြောက်မှုဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်း ဆက်ပြောသည်။

    ၎င်းအပြင် နှစ်စဉ်နွေရာသီ ရေပေးဝေနေသည့် လူငယ်ပရဟိတအဖွဲ့တို့လည်း နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ပြည်ပသို့ထွက်ခွာနေကြပြီး  ယခုနှစ်တွင် ရေပေးဝေလှူဒါန်းသည့်အဖွဲ့တို့ နည်းပါးလျှက်ရှိကြောင်း သိရသည်။

     စစ်ဘေးရှောင်ပရဟိတအဖြစ် ကူညီလုပ်ဆောင်နေသည့် ဒေါက်တာအောင်နိုင်ဦး အဖမ်းခံရသည့်နောက်တွင် စစ်ဘေးရှောင်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတို့လည်း လာရောက်ကူညီစောင့်ရှောက်မှု နည်းပါးသွားသည်ဟု ချောင်းဆုံစစ်ရှောင်နေရာတွင် ကူညီကယ်ဆယ်နေသူက ဆိုသည်။

    “ဒီအပူဒဏ်နဲ့ဆို ကလေးနဲ့ သက်ကြီးရွယ်အိုတွေကျန်းမာစောင့်ရှောက်မှုလိုအပ်လာတယ်။ အရင်တုန်းကလို ကျန်းမာစောင့်ရှောက်ဖို့ဆရာ/ ဆရာမတွေကအုပ်စုလိုက်အဖွဲ့နဲ့မသွားရဲတော့ဘူး။ ဟိုကနေဖုန်းဆက်ရင်သွား ကုတယ်။နာတာရှည်ဆေးရော ဆေးဖိုးဝါးခတွေက စစ်ဘေးရှောင်ကူညီနေတဲ့အဖွဲ့ကပေးတယ် ” ဟု ဆိုသည်။

    လက်ရှိတွင် ဓမ္မသရွာ၊ ကော့စွယ်၊ တရနာ ၊ ကော့သပ်၊ ကော့ဘိန်း ရွာတို့တွင် လူငယ်နှင့် လူလတ်ပိုင်းအရွယ်ဒေသခံတို့  နေရပ်ပြန်လာကြသော်လည်း သက်ကြီးရွယ်အိုးနှင့် ကလေးငယ်များ တစ်လကျော်ကြာသည်အထိ စစ်ရှောင်စခန်းတို့တွင် နေထိုင်နေရသည်။

    အဆိုပါဒေသမှ စစ်ဘေးရှောင်တို့ လက်ရှိအချိန်အထိစစ်ကောင်စီ ရေတပ်မှ စစ်ကြောင်းထိုး မကြာခဏဝင်ရောက် နေသည့်အပြင် ညဘက်တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

    စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ဓမ္မသရွာစစ်ဘေးရှောင်များကို ပြန်လည်ထူထောင်ရေးစတင်ရန်အတွက် နေရပ်ပြန်ရန် တိုက်တွန်းသော်လည်း လုံခြုံရေးအခြေအနေအရပ်ရပ်နှင့် ရမ္မဝတီလမ်းပိုင်းတွင် စစ်တပ်မှ အထောက်အထားနှင့်တကွစစ်ဆေးမှုလုပ်ဆောင်နေသည့်အတွက် နေရပ်မပြန်နိုင်သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks