Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် စစ်ကောင်စီတပ်တို့သွားလာလှုပ်ရှားနေ

    မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် စစ်ကောင်စီတပ်တို့သွားလာလှုပ်ရှားနေ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း အဘစ်အမြှောက်တပ်နှင့်နီးသည့် ကျေးရွာတို့တွင် စစ်ကောင်စီစစ်ကြောင်းမှ ယခုရက်ပိုင်းအတွင်း သွားလာလှုပ်ရှားမှုရှိနေသဖြင့် ရော်ဘာခြံသမားများနှင့်ဒေသခံတို့ စိုးရိမ်နေကြသည်ဟု သိရသည်။

    မုဒုံမြို့နယ်ရှိ ရောင်းဒေါင်း၊ ကွမ်လှာ၊ နှီးပဒေါနှင့် အနီးဝန်းကျင်ရှိ ရွာတို့သည် (NMSP-AD)တို့ သွားလာလှုပ်ရှားရာနေရာဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း နေ့ရောညပါ သွားလာလှုပ်ရှားသွားလာနေသည်ဟု ရွာခံတို့က ဆိုသည်။

    “နေ့ဘက်ဆိုရင်နေ့တိုင်းလိုလို ရွာလမ်းဝဘက်မှာ စစ်သားတွေရှိနေတယ်။ ညဘက်ကတော့ ခဏပဲသွားလာကြတယ်။ အဘစ်အမြှောက်တပ်နဲ့နီးနေတော့ ရွာသားတွေ ကစိုးရိမ်ရတယ်။ ခြံသမားေတွက ခြံသွားဖို့လည်းမလုံခြုံနေတော့ဘူး "ဟု မုဒုံမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

    ရွာလမ်းဝတို့တွင် သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးအခြေအနေ စိုးရိမ်စရာမလိုဘဲ သွားလာနိုင်သည်ဟု ပြောဆိုနေသော်လည်း အဘစ်အမြှောက်တပ်မှ လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေမှုကြောင့် ဒေသခံတို့ အသွားအလာနည်းနေကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် ကမာဝက်မြို့နယ်မြေရဲစခန်းမှ စခန်းမှူးမောင်းနှင်လာသည့်ကားကို (NMSP-AD)မှ ကွမ်လှာကျေးရွာနှင့် ရောင်းဒေါင်းရွာအကြားတွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ထိုသို့ ဖြစ်ပွားပြီးနောက်ပိုင်း မွန်ပြည်နယ်ရှိ မြို့နယ်၊ ကျေးရွာတို့တွင် ကြားဖြတ်တိုက်ခိုက်ခံရမည့်ဖြစ်စဉ်နှင့် တိုက်ပွဲတို့ဖြစ်ပွားလာလျှင် ရွာအနံှ့မီးရှို့ဖျက်စီးမည်ဟု စစ်ကောင်စီမှ ခြိမ်းခြောက်ပြောဆိုမှုတို့ ရှိလာသည်။

    ၎င်းအပြင် ကျိုက်ကမော့တောင်ခြေ၊ ကမာဝက်နယ်မြေရဲစခန်းနှင့်နီးသည့် ရော်ဘာခြံတို့တွင် ညနေပိုင်းအထိသာ သွားလာခွင့်ပြုထားခြင်းကြောင့် ရာဘာခြံလုပ်သားအချို့ လုပ်ငန်းရပ်နားထားရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks