spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းဆီဆိုင်တွင် ကိုယ်ဝန်ဆောင် ၁ ဦးအပါ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီး

    ဆီဆိုင်တွင် ကိုယ်ဝန်ဆောင် ၁ ဦးအပါ ဒေသခံ ၉ ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီး

    -

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံမှ သိရသည်။

    စစ်ကောင်စီတပ်များ ထီဗွာကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည့် မေလ ၇ ရက်နေ့က ဒေသခံများကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ ၈ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးဟု ဆိုသည်။

    ဖမ်းဆီးခံရသူများအနက် အသက် ၄၀ ကျော်အရွယ် ၃ ဦးနှင့် အသက် ၃၀ ကျော် တစ်ဦး၊ အသက် ၂၅ နှစ်အောက် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ကျော် အမျိုးသမီး ၄ ဦး ပါဝင်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံမှ သိရသည်။

    ဒေသခံတစ်ဦးက “ရွာက တချို့လူတွေကတော့ အရင်ကတည်းက စစ်ရှောင်နေတာဖြစ်ပါတယ်။ အခုအဖမ်းခံရတဲ့လူတွေက စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အခါမှာ စစ်ဘေးရှောင်ဖို့လုပ်နေတုန်း စစ်ကောင်စီက ရွာထဲကို ရောက်လာပြီး ဖမ်းလိုက်တာ” ဟု ပြောသည်။

    ထီဗွာကျေးရွာမှ ဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း လွန်ခဲ့သည့် နှစ်ရက်ခန့်ကလည်း ထီဗွာရွာသို့ ပစ္စည်းပြန်သယ်သည့် ဒေသခံအမျိုးသားတစ်ဦးလည်း စစ်ဘေးရှောင်စခန်းသို့ ပြန်ရောက်မလာဘဲ ပျောက်ဆုံးနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒါက အင်မတန်မှ ရက်စက်ယုတ်မာတဲ့ လူသားဒိုင်းဖမ်းဆီးမှုဖြစ်ပါတယ်။ ဒါကလူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုလည်းဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို ကမ္ဘာ့အဖွဲ့အစည်းတွေက မျက်စိမှိတ်ပြီးနေနေတာက ရှက်ဖွယ်ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို အပြောမဟုတ်ဘဲ အမှန်တကယ် လက်တွေ့ကျကျ အရေးယူပေးဖို့လိုပါတယ်” ဟု ပြောသည်။

    ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်ပွဲကျန်မိုင်းများကြောင့်လည်း ဒေသခံများ ထိခိုက်မှု မကြာခဏဖြစ်ပွားနေသည်။

    ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၄ ဇန်နဝါရီလမှ မေလ ၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သား ၆၇ ဦးသေဆုံးခဲ့ပြီး၊ ဒေသခံ ၇၂၀၀၀ နှင့်အထက် စစ်ဘေးတိမ်းရှောင်နေရကြကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks