Friday, March 13, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်အတွင်းရှိ မွန်အမျိုးသားကျောင်းများ ကျောင်းဖွင့်နိုင်ရန် မသေချာ

    ကျိုက်မရောမြို့နယ်အတွင်းရှိ မွန်အမျိုးသားကျောင်းများ ကျောင်းဖွင့်နိုင်ရန် မသေချာ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားပညာရေးဌာနမှ ဦးဆောင်ဖွင့်လှစ်ထားသည့် မွန်အမျိုးသားစာသင်ကျောင်းများ လာမည့်စာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန်မသေချာဟု  ကျောင်းတာဝန်ရှိသူတို့ထံမှ သိရသည်။

    ကျိုက်မရောမြို့နယ်တွင် မွန်အမျိုးသားစာသင်ကျောင်း ၄ ကျောင်းရှိရာ လက်ရှိအချိန်အထိ ကျောင်းသားလူငယ်နှင့် ဒေသခံတို့ နေရပ်မပြန်နိုင်သေးသည့်အပြင် နယ်မြေမလုံခြုံမှုတို့ကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြေ နည်းမည်ဟု ကျိုက်မရောမြို့နယ်မှ မွန်အမျိုးသားကျောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ကျောင်းဖွင့်ဖို့ရက်ကနီးနေပြီး ဒီနှစ်ကဖွင့်ဖြစ်မယ်မထင်ဘူး။ တည်ငြိမ်မယ်ပြောနေလည်း ရွာပြန်လာတဲ့သူတွေက သိပ်မရှိသေးဘူး။ ဒီဓမ္မသဘက်ဆိုဖွင့်ဖို့မတွေးရဲဘူး။ ဒီဂျိုင်းမြစ်အရှေ့ဘက် ရွာ၆ ရွာလောက်ပဲ နည်းနည်း တည်ငြိမ်တယ်။ဒါတောင်ဖွင့်ဖြစ်မယ်မထင်ဘူး ”ဟု မွန်အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးက ပြောသည်။

    ထို့ကြောင့် လာမည့် စာသင်နှစ်အတွက် ငွေကြေးတတ်နိုင်သည့် ကျိုက်မရောဒေသခံတို့မှ  မော်လမြိုင်မြို့ပေါ်ရှိ စစ်ဘေးရှောင်ကျောင်းသားတို့အတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် အဓိပတိမွန်အမျိုးသားကျောင်းသို့ ပြောင်းရွေ့သူများလျှက်ရှိကြောင်း သိရသည်။

    မတ်လကုန်ပိုင်းမှစပြီး  ဂျိုင်းမြစ်ဝှမ်းဒေသ ၊ရမ္မဝတီလမ်းတစ်လျှောက် ကော့သပ်၊ကော့ဇွယ်၊ကော့ဘိန်းနှင့် ကော့ပေါက်ဒေသအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံတို့ စစ်ဘေးရှောင်နေပြီး အဆိုပါဒေသမှ စစ်ဘေးရှောင်ကျောင်းသား လူငယ် ၅၀၀၀ ကျော်တို့ ပညာသင်ကြားနိုင်ရန် ခက်ခဲလျှက်ရှိကြောင်းသိရသည်။

     အဆိုပါဒေသတွင် စစ်ရေးပြင်းထန်ခဲ့သည့်အပြင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ကျောင်းဆရာ ဆရာမအများစု တိမ်းရှောင်နေရပြီး နှုတ်ထွက်သူလည်း များလျှက်ရှိကြောင်း ၎င်းကျောင်းဆရာက ဆိုသည်။

    “အစိုးရကျောင်းက စစ်ဘေးရှောင်နေရတဲ့ဓမ္မသတို့ရွာဘက်ဆို ဆရာမတွေလည်း တိမ်းရှောင်နေရတယ်။ ရပ်ဝေးကဆိုမလာရဲဘူး။ ထွက်လိုက်တဲ့ ဆရာ/ ဆရာမတွေမနည်းဘူး ၊ အဲ့ကြောင့် ကျောင်းဖွင့်ဖို့က မလွယ်ဘူး” ဟု ဆိုသည်။

    စစ်ကောင်စီမှ လာမည့်ပညာသင်နှစ်တွင် အဆိုပါဒေသရှိ စာသင်ကျောင်းအားလုံး မဖြစ်ဖြစ်သည့်နည်းဖြင့် ပြန်လည်ဖွင့်မည်ဆိုသော်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် ဒေသခံတို့ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် နေရပ်မပြန်နိုင်သေးပေ။

    မွန်ပြည်နယ်တွင် ပြီးခဲ့သည့်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် နိုင်ငံတစ်ဝှမ်း ကျောင်းသားပေါင်း ၇ သန်းနှင့် ကျောင်းတက်နှုန်းပြန်လည်မြင့်တက်လာခဲ့သော်လည်း လာမည့်စာသင်နှစ်တွင် ကျောင်းတက်နှုန်း ပြန်လည်လျော့ကျနိုင်မည်ဟုလည်း ရာမည အင်စတီကျူနိုင်ငံရေးသုတေသနဌာန၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks