Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရေးတွင် နယ်ထိန်းတစ်ဦး ပစ်သတ်ခံရ

    ရေးတွင် နယ်ထိန်းတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်တွင် မေလ ၅ ရက်နေ့က နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က နယ်ထိန်းရဲ အောင်သူဆိုသူသည် ရန်မျိုးအောင်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် တည်ရှိနေစဉ် ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

    “နယ်ထိန်းက ဘီယာထိုင်သောက်နေတဲ့အချိန်မှာ ပစ်ခတ်ခံရတာဖြစ်တယ်။ ဝင်ပစ်တာက ရေးဘီလူးအဖွဲ့လို့ ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းအောင်သူသည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

    ရေးဘီလူးအဖွဲ့ကတော့ အဆိုပါ နယ်ထိန်းရဲသည် လောင်းကစားဝိုင်းပြုလုပ်တာ၊ လူငယ်များကို ဖမ်းဆီးနှိပ်စက် ရိုက်နှက်တာ၊ ပြည်သူကို ဒုက္ခပေးနေကြောင်း တိုင်ကြားလာသည့်အတွက် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ပြောဆိုထားသည်။

    နယ်ထိန်းဆီမှ ပြည်သူလူထုထံ မတရားအနိုင်ကျင့်ပြီး ရလာသည့်ငွေဖြင့် ပြုလုပ်ထားသည့် ရွှေဆွဲကြိုး တစ်ကုံးနှင့် လက်ကိုင်ဖုန်းတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့က ဆိုထားသည်။

    ၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် စစ်ကောင်စီနှင့် နီးစပ်သူများ၊ သတင်းပေး၊ ဒလန်ဆိုသူများ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ ပစ်ခတ်ရှင်းလင်းခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး ၂၀၂၄ ခုနှစ် လေးလကျော်ကာလအတွင်း ပစ်ခတ်ရှင်းလင်းခံရသူ ၄၀ ဦးထက်မနည်း ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks