spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်း၂၀၂၄ ပညာသင်နှစ်တွင် ထိုင်းနိုင်ငံရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်မှ ပညာတော်သင်ဆု ပေးသွားရန် ရှိဟု ဆို

    ၂၀၂၄ ပညာသင်နှစ်တွင် ထိုင်းနိုင်ငံရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်မှ ပညာတော်သင်ဆု ပေးသွားရန် ရှိဟု ဆို

    -

    ၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင် ထိုင်းနိုင်ငံရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်မှ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ဆယ်နှစ်ယောက်ကို ပညာတော်သင်ဆု ပေးသွားရန် ရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့မှ သိရသည်။

    မဟာချုလာလောင်ကွန်းတက္ကသိုလ်ကို ပညာတော်သင်ဆုအနေဖြင့် တက်ရောက်ရန် လျှောက်ထားသူ များကို အနည်းဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ရမည်ဖြစ်ပြီး ရဟန်းသံဃာတော်လျှင် အကြီးတန်းကို အောင်မြင်ထားရမည်ဟု မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့မှ ဆရာတော် ခေမာသာရက ပြောသည်။

    “အစကတော့ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်ကနေ ဒီပလိုမာဘွဲ့ပြီးထားသူတဲ့တွေကို ပညာတော်သင် လျှောက်ထားခွင့်ပေးထားတယ်ပေါ့။ ဒါပေမဲ့ ဒေသအသီးသီးကနေ ပညာသင်ကြားနေတဲ့သူတွေ အနေနဲ့လည်း စိတ်ဝင်စားမယ်ဆိုရင် သူတို့အရည်အချင်းကို စစ်ဆေးကြည့်မယ်ပေါ့။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး အလယ်အလတ်လောက် အဆင်ပြေနေရင် ပညာတော်သင်ဆုမှာ လျှောက်ဖို့ အခွင့်အရေးပေးထားပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ မိန့်သည်။

    မွန်ဒေသလုံးဆိုင်ရာ ရာမညဓမ္မာစရိယအဖွဲ့၏ ထုတ်ပြန်ချက်အရ ပညာတော်သင်ဆု လျှောက်ထားနိုင်ရန်အတွက် အရပ်သားလျှင် အထက်တန်းအောင်ထားရသူများဖြစ်ပြီး ရဟန်းသံဃာတော်လျှင် အကြီးတန်းအောင်ထားရသူများ အထူးသဖြင့် ရာမညဓမ္မာစရိယအဖွဲ့ထဲတွင် ရှိသူဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနှင့် ထိုင်းဘာသာစကားကိုလည်း အရေး၊ အဖတ် ပြောဆိုနိုင်မှုများ အသင့်သင့် ရှိရမည်ဟု ဖော်ပြထားသည်။

    ပညာတော်သင်ဆု လျှောက်ဖို့ စိတ်ဝင်စားသူားအနေဖြင့် မေလ၊ ၁၀ ရက်နေ့တွင် နောက်ဆုံးထား စရင်းသွင်ရမည်ဖြစ်ပြီး အရည်အချင်းစမ်းစစ်စာမေးပွဲကို လာမည့် ၂၀၂၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သွားမည် ဟု သိရသည်။

    ဆရာတော် ခေမာသာရက “မဟာချုလာလောင်ကွန်းတက္ကသိုလ် တာဝန်ရှိသူတွေက လာမယ်၊ သူတို့မေးခွန်းနဲ့ပဲ ဖြေရမယ်၊ ကျောင်းသား၊သူတွေ စုပေးပြီးတော့ ဖြေကြတာပေါ့။ ဖြေပြီးရင် စစ်ဆေးမယ်၊ ဌာနအလိုက် ခွဲထုတ်မယ်။ ဒီထဲမှာက ထိုင်းဘာသာဌာနနဲ့ အင်္ဂလိပ်ဘာသာဌာနဆိုပြီတော့ ရှိတယ်လေ။ လာရောက်ဖြေဆိုတဲ့ ကျောင်းသား၊သူ အားလုံးက ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်စရင်းထဲမှာပဲ ထည့်ရမယ်။ ဘာလို့လဲဆိုတော့ ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်က မဟာချုလာလောင်ကွန်းတက္ကသိုလ်နဲ့ MOU လက်မှတ်ရေးထိုးထားတာလေ။ ဒီကနေတစ်ဆင့်မှ ရာမညဓမ္မာစရိယအဖွဲ့ထဲက ဆရာတော်တွေက Scholarship အောင်မြင်တဲ့ ကျောင်းသား၊သူတွေကို လက်မှတ်ထိုးပေးမှာပေါ့” ဟု ဆက်၍ မိန့်သည်။

    မွန်သံဃာတော်များအပြင် အရပ်သားကျောင်းသား၊သူများ ပညာဆက်လက်သင်ကြားစေရန် အပါအဝင် စသည့် ရည်ရွယ်ချက်များနှင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ MOU ကို ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်တွင် ရေးထိုးခဲ့ကြသည်။

    ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ဆရာတော် သီလစာရ ဦးစီးပြီး ရာမညရဋ္ဌ ဗုဒ္ဓတက္ကသိုလ်ကို မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓတက္ကသိုလ်နှင့် ကောလိပ် ၂၁ ခုက အသိအမှတ်ပြုထားသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks