spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၈၀ တွင် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်ခံနေရ

    နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၈၀ တွင် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်ခံနေရ

    -

    မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၈၀ တွင် စစ်ကောင်စီမှ သတင်းစီးဆင်းမှု၊ သတင်းအမှောင်ချမှုအနေဖြင့် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်မှုတို့ လုပ်ဆောင်လျှက်ရှိသည်ဟု နိုင်ငံတကာမြန်မာသတင်း (BNI) မှ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် တင်ပြသည့် အချက်အလက်အရ သိရသည်။

    စစ်ကောင်စီအနေဖြင့် ခုခံတော်လှန်ရေးအတွင်း ၎င်းတို့ရှုံးနိမ့် နေစဉ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ခြင်းတို့ လုပ်ဆောင်လျှက်ရှိပြီး စစ်ကိုင်း၊ချင်း၊ ကရင်နီ၊ ကချင်၊ မကွေးနှင့် မန္တလေးတိုင်းရှိ မြို့နယ်များသည် အင်တာနက် ဖုန်းလိုင်း ဖြတ်တောက်ခံရခြင်း အဆိုးဆုံးနေရာတို့ဖြစ်သည်ဟု ဖော်ပြထားသည်။

    တိုက်ပွဲဖြစ်လေ့ရှိသည့် ကော့ကရိတ်မြို့နယ်မှ ဒေသခံတစ်ဦးက"ဖုန်းလိုင်းက အမြဲတမ်းပျက်တာမဟုတ်ပေမဲ့ တိုက်ပွဲတွေဖြစ်ရင်တော့ အမြဲမြဲလိုဖြတ်ထားတယ်၊ မျက်စိပိတ် နားပိတ်သလိုဖြစ်နေတယ်၊ အဓိက သတင်းစီးဆင်းမှုတွေမရှိအောင် လုပ်တာပဲလို့ထင်တယ်"ဟု ဆိုသည်။

    အချို့ဒေသတို့တွင် အာဏာသိမ်းပြီး လပိုင်းအတွင်း ဖုန်းလိုင်းဖြတ်တောက်ခံထားရပြီး စစ်ကိုင်းတိုင်းဒေသအတွင်း အကြမ်းဖက်စစ်တပ်မှ အင်အားအလုံအရင်းသုံးတိုက်ခိုက်မှုကြောင့် ထိုဒေသအတွင်း ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်မှုတို့ကို မကြာခဏလုပ်ဆောင်လျှက်ရှိသည်ဟု ဆိုသည်။

    ၎င်းအပြင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်လည်း အင်တာနက်၊ ဖုန်းလိုင်းဖြတ်တောက်ခံရမှု အဆိုးရွားဆုံးခံရပြီး သတင်းထုတ်လုပ်မှု၊ သတင်းအချက်အလက် စီးဆင်းမှုတို့ကို များစွာထိခိုက်စေခဲ့သည်ဟု ဆိုသည်။

    ထို့ကြောင့် သတင်းအချက်အလက် သိရှိရယူခွင့် အခွင့်အရေးများကို အကြမ်းဖက်နည်းလမ်းဖြင့် တားဆီးပိတ်ပင်နေခြင်းတို့ကို ရုတ်သိမ်းရန်လည်း နိုင်ငံတကာ မြန်မာ့သတင်း(BNI ) မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

    “လူထုတွေကို သတင်းရရှိခွင့် ပိတ်ပင်နေတာက ရည်ရွယ်ချက်ရှိရှိ ဗျူဟာတွေချမှတ်ပြီး၊ ဖုန်းလိုင်းဖြတ်တောက်တာအပြင် လျှပ်စစ်မီးဖြတ်တောက်နေတာကိုလည် ဆန့်ကျင်ရှုပ်ချဖို့ လိုတယ်” ဟု ဆိုသည်။

    ပြီးခဲသည့် ၂၀၂၃ ခုနှစ်အတွင်း အင်တာနက် ဖြတ်တောက်ခံထားရသည့်မြို့နယ် ၆၀ ကျော်ရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် ၈၀ အထိရှိလာသည်ဟု သိရသည်။

    ထို့ကြောင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေသည် ကမ္ဘာပေါ်ရှိ အဆိုးဝါးဆုံး သတင်းလွပ်လပ်ခွင့် ၁၀ နိုင်ငံစာရင်းထဲတွင် ပါဝင်နေဆဲဖြစ်သည်ဟု ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အစီရင်ခံစာတို့အရ သိရသည်။

    အင်တာနက်ဖြတ်တောက်မှုကြောင့် သတင်းမီဒီယာ စီးဆင်းမှုအပါအဝင် ဘဏ်လုပ်ငန်းများ၊ အင်တာနက်ကို အခြေပြုလုပ်ကိုင်နေသည့် ငွေလွှဲလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်လုနီးပါးအခြေအနေတို့ ရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks