spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းCDM ဆရာဝန်ခန့်သည်ဆိုပြီး မော်လမြိုင် အေးသန္တာ ပုဂ္ဂလိကဆေးရုံ ၃ လ ပိတ်သိမ်းခံရ

    CDM ဆရာဝန်ခန့်သည်ဆိုပြီး မော်လမြိုင် အေးသန္တာ ပုဂ္ဂလိကဆေးရုံ ၃ လ ပိတ်သိမ်းခံရ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အေးသန္တာ ပုဂ္ဂလိကအထူးကုဆေးရုံတွင် CDM ဆရာဝန်များ ခန့်ထားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက မေလ ၁ ရက်နေ့ကစပြီး ၃ လ ယာယီပိတ်သိမ်းလိုက်သည်ဟု နီးစပ်သူတို့ထံမှ သိရသည်။

    အေးသန္တာဆေးရုံတွင် CDM ပြုလုပ်ထားသည့် ဆရာဝန်များ ခန့်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနက စာထုတ်ပြီး ယာယီပိတ်သိမ်းလိုက်ခြင်းဖြစ်သည်။

    “အေးသန္တာဆေးရုံမှာက အထူးဆရာဝန်ကြီးတွေဆိုရင် စစ်ဆေးရုံက ဆရာဝန်ကြီးတွေဖြစ်ကြတယ်။ တပ်နဲ့လည်း နီးစပ်တဲ့ ဆေးရုံတစ်ခုလိုဖြစ်တယ်။ အဲ့ဒီဆေးရုံမှ CDM ပြုလုပ်ထားတဲ့ ဆရာဝန်တွေကိုလည်း ခေါ်သုံးနေတယ်ဆိုတာ အဲ့ဒီကနေတဆင့် ပေါက်ကြားသွားတာမျိုးလည်း ဖြစ်နိုင်တယ်” ဟု ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    စစ်အာဏာသိမ်းသည့်အစောပိုင်းကာလတုန်းကလည်း CDM ပြုလုပ်ထားသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားသည်ဆိုပြီး အေးသန္တာ ပုဂ္ဂလိကအထူးကုဆေးရုံသည် ခေါ်ယူ သတိပေးခံရတာမျိုးရှိခဲ့ကြောင်း သိရသည်။

    အေးသန္တာ အထူးကုဆေးရုံသည် ဝန်ထမ်းအင်အား ၁၀၀ ခန့်နှင့် လည်ပတ်နေသည့် ဆေးရုံဖြစ်ပြီး ခွဲစိတ်ကုသမှုများအပါအဝင် ရောဂါမျိုးစုံကို ကုသပေးနေသည့် ပုဂ္ဂလိကဆေးရုံဖြစ်သည်။

    မော်လမြိုင်မြို့ရှိ အခြားသော ပုဂ္ဂလိက ဆေးရုံ၊ ဆေခန်းများကိုလည်း စစ်ကောင်စီ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနက CDM ဝန်ထမ်းများ ခန့်ထားမှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိပြီး CDM ဝန်ထမ်းများ မခန့်ထားဖို့ကိုလည်း ဆေးရုံ၊ ဆေခန်းများကို သတိပေးထားသည်ဟု သိရသည်။

    အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတဝှမ်းရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် CDM ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီး အချို့ဆေးရုံ၊ ဆေခန်းတွေကို CDM များကို ခန့်ထားသည်ဆိုပြီး ဖမ်းဆီးတာ‌၊ ချိတ်ပိတ်တာတွေ လုပ်ဆောင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks