spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်အတွင်းရှိ ရန်သူအားလုံးကို တိုက်ထုတ်သွားရမည်ဟု NMSP-AD ဒု-စစ်ဦးစီးချုပ် ပြော

    မွန်ပြည်အတွင်းရှိ ရန်သူအားလုံးကို တိုက်ထုတ်သွားရမည်ဟု NMSP-AD ဒု-စစ်ဦးစီးချုပ် ပြော

    -

    မွန်ကံကြမ္မာကို မွန်လူမျိုးကိုယ်တိုင် ဖန်တီးနိုင်ရန်အတွက် မွန်ပြည်အတွင်းရှိ ရန်သူအားလုံးကို ဦးစွာ တိုက်ထုတ်သွားရမည်ဟု မွန်ပြည်သစ်ပါတီ NMSP-AD ၏ ဒု-စစ်ဦးစီးချုပ် နိုင်ကျလွန်ထောက ပြောသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် မွန်ပြည်သစ်ပါတီ (AD) မှ ကျင်းပ ပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲတွင် မွန်ပြည်သစ်ပါတီ (AD) ၏ စစ်ရေနိုင်ငံရေး ဦးဆောင်အဖွဲ့၊ ဒု-စစ်ဦးစီးချုပ် နိုင်ကျလွန်ထောက ယခုလို ပြောဆိုခဲ့သည်။

    “အမျိုးသားလွတ်မြောက်ရေးအတွက် ကျနော်တို့ လုပ်ကြရတော့မယ်၊ ကျနော်တို့မြေကိုလည်း ကျနော်တို့ ပိုင်ဆိုင်ခွင့်ရှိစေရမယ်၊ ဦးစွာ မွန်မြေပေါ်မှာ ရှိနေတဲ့ ရန်သူအားလုံးကို တိုက်ထုတ်သွားရမယ်၊ ဒါက ရဲဘော်တွေအတွက် ပထမဦးဆုံး လုပ်ရမယ့် တာဝန်ဖြစ်တယ်” ဟု နိုင်ကျလွန်ထောက ပြောသည်။

    မွန်လူမျိုးသည် လူမျိုးကြီးအင်္ဂါရပ်များနှင့် ပြည့်စုံနေသော်လည်း အဆိုပါ အင်္ဂါရပ်များကို အခြေခံပြီး မည့်သည့်အခွင့်အရေးမှလည်း ရယူပိုင်ခွင့်မရှိခဲ့ဟု သူက ဆက်ပြောသည်။

    ထို့ကြောင့် မွန်ပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ရန်နှင့် မွန်ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ကာကွယ်သွားနိုင်ရန်အတွက် လက်နက်ကိုင်လမ်းစဉ်တစ်နည်းသာ ရယူနိုင်မည်ဟု နိုင်ကျလွန်ထောက ပြောသည်။

    နိုင်ကျလွန်ထောက “ရဲဘော်တို့ လှမ်းတဲ့ခြေလှမ်းတိုင်းက မွန်အမျိုးသားလွတ်မြောက်ရေးအတွက် ဖြစ်နေရမယ်၊ ရဲဘော်တို့ရဲ့ အသက်သွေးကြောကလည်း မွန်လူမျိုးတွေအတွက် ဇီဝိတဒါန ဖြစ်နေရမယ်” ဟု ပြောသည်။

    အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းဆင်းကျောင်းသားများ သစ္စာပြုတိုင်တည်ပြီး တာဝန်ရှိသူများက လက်နက်တပ်ဆင်ပေးခဲ့သည်ဟု NMSP-AD ၏ ထုတ်ပြန်ချက်အရ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ NMSP-AD အနေနှင့် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်ပြီးနောက် စစ်ကောင်စီတပ်များနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင်များဖြစ်သည့် ပြည်သူ့စစ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို မွန်ပြည်သစ်ပါတီ NMSP-AD က အရေးယူဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။

    ထိုပြင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (AD) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ကော့ဘိန်းနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းနှင့် ရေကြောင်းကို အသုံးပြုပြီး ပြန်လည်တိုက်ခိုက်လာသည့်အတွက် မကြာခင်ရက်အတွင်းက ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။

    ကော့ဘိန်းဒေသတွင် ဖြစ်ပွားသွားသည့် တစ်လသာတိုက်ပွဲကာလအတွင်း ပြည်သူများ၏ နေအိမ်များ ရာနဲ့ချီ မီးလောင်ဆုံးရှုံးသွားပြီး ဒေသခံပြည်သူများနှင့် ရဟန်းသံဃာတော်များလည်း သတ်ဖြတ်ခံရသည့်အပြင် မွန်ပြည်သစ်ပါတီ (AD) ၏ ရဲဘော်လည်း ၁၀ ယောက်ထက်မနည်း ကျဆုံးသွားခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks