Tuesday, March 10, 2026
More
    spot_img
    Homeသတင်းပတ်စပို့လုပ်ငန်းစဉ်အချို့ကို အွန်လိုင်းပုံစံဖြင့်ဆောင်ရွက်ပေးနေ

    ပတ်စပို့လုပ်ငန်းစဉ်အချို့ကို အွန်လိုင်းပုံစံဖြင့်ဆောင်ရွက်ပေးနေ

    -

    မွန်ပြည်နယ် နိုင်ငံကူးလက်မှတ်ထုတ်ရုံးတွင် ကြိုတင်ရက်ချိန်းယူသည့်စနစ်ကို အွန်လိုင်းပုံစံဖြစ် ပြောင်းလဲဆောင်ရွက်ပေးနေသည်ဟု မေလ၂ ရက်နေ့တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

    မော်လမြိုင်နိုင်ငံကူးလက်မှတ်ရုံးအပါအဝင် ဘားအံနိုင်ငံကူးလက်မှတ်ရုံးတွင်လည်း အွန်လိုင်းပုံစံဖြင့် ယခု မေလတွင် စတင်လည်ပတ်နေပြီးဖြစ်ကြောင်း မော်လမြိုင်ပတ်စပို့ရုံးနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    “ အခုက မော်လမြိုင်ရုံးရော၊ ဘားအံရုံးရော online booking ဖြစ်သွားတယ်။ onlineကနေလျှောက်ရတယ်ပေါ့။ အကုန်လုံးအဲ့စနစ်နဲ့လည်ပတ်နေကြပြီး။” ဟုဆိုသည်။

    ယခုကဲ့သို့ အွန်လိုင်းပုံစံဖြင့် သတ်မှတ်လိုက်သည့်အတွက် ပတ်စပို့လုပ်ဆောင်ရာတွင် ငွေကြေးကုန်ကျသက်သာသည့်အပြင် လုပ်ငန်းဆောင်ရွက်မှုလည်း မြန်ဆန်လာကြောင်း ပတ်စပို့ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဆိုသည်။

    “ ဒီလိုမျိုးအွန်လိုင်း QR code နဲ့ဖြစ်သွားတာကြောင့် ရုံးကလူကြီးတွေ ပွဲစားတွေ ငွေကြေးအဆမတန်တောင်းလို့ မရတော့ဘူးလေ။ အခုလိုမျိုးလုပ်သွားတာက ကောင်းပါတယ်။ ခေတ်လည်းမှီလာတယ်လို့ပြောရမှာပေါ့။ ငွေကြေး ၃သောင်းကျော်ကျော်လောက်နဲ့ပြီးသွားတယ်။ ရုံးသွားရင် ဖောင်စာရွက်ဝယ်ဖို့က ၂ထောင်လောက်ပဲကုန်တော့တယ်။” ဟုဆိုသည်။

    အွန်လိုင်းမှတစ်ဆင့် ရက်ချိန်းယူသူတို့သည် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းတို့လိုအပ်ပြီး www.passport.gov.mm website တွင် လူကိုယ်တိုင်ဖြစ်စေ အင်တာနက်လိုင်းအခက်ခဲရှိသူတို့က ပွဲစားနှင့်ဖြစ်စေ စာရင်းတင်နိုင်ကြောင်း သိရသည်။

    စာရင်းတင်ပြီးနောက် အွန်လိုင်းမှသတ်မှတ်ပေးသည့် ရက်ချိန်းအတိုင်း ရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း လာရောက်လုပ်ဆောင်ရမည်ဟုသိရသည်။

    သို့သော် မေလ ၁ ရက်နေ့နောက်ပိုင်း အလုပ်ခေါ်စာတင်ထားသည့် အမျိုးသားများကို ပြည်ပထွက်အလုပ်ပ်ခွင့်ပိတ်လိုက်သည့်အတွက် အလုပ်လုပ်ကိုင်ခွင့် PJ ပတ်စပို့ကိုင်ဆောင်ထားသည့် သူများကို တရားမဝင်လမ်းကြောင်းကို တွန်းပို့နေသည်ဟုဆိုသည်။

    “အခုလောလောဆယ် ပတ်စပို့လုပ်တဲ့နေရာမှာ ယောင်္ကျားလေးတွေကို ရစ်တာတို့ ဘာတို့မရှိသေးဘူးပေါ့။ ဒါမဲ့ထွက်တဲ့အချိန် လေယာဉ်ကွင်းမှာ၊ အလုပ်ရှောက်တဲ့အေဂျင်စီတို့ နေရာမှာ သူတို့အခက်ခဲဖြစ်သွားတာပေါ့။ အဲတော့ PJ စာအုပ်ရှိပေမဲ့လည်း တရားမဝင်လမ်းကြောင်းကနေ သွားဖို့ အစိုးရက တွန်းနေတဲ့သဘောကို ဖြစ်နေတာ ” ဟု ဆိုသည်။

    စစ်မှုထမ်းဉပဒေပြန့်ထမ်းလိုက်သည့်နောက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့က ပြည်ပထွက်အလုပ်ပ်ခွင့်ကို နည်းလမ်းအမျိုးမျိုးဖြင့် ပိတ်ပင်လိုက်ရန် ကြိုးစားလျှက်ရှိကြောင်း သိရသည်။

    တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြည်ပသို့ တရားမဝင် ဝင်ရောက်သွားသည့် မြန်မာလုပ်သားများအတွက် စီမံချက်တို့ ပြင်ဆင်လျက်ရှိနေကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks