Tuesday, March 10, 2026
More
    spot_img
    Homeသတင်းပြန်လည်ထူထောင်ရေးစတင်ရန် ဓမ္မသတ်ရွာစစ်ရှောင်များကို နေရပ်ပြန်ရန်တိုက်တွန်း

    ပြန်လည်ထူထောင်ရေးစတင်ရန် ဓမ္မသတ်ရွာစစ်ရှောင်များကို နေရပ်ပြန်ရန်တိုက်တွန်း

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာတွင် ပြန်လည်ထူထောင်ရေးစတင်လုပ်ဆောင်ရန် စစ်ဘေးရှောင်ဒေသခံများကို နေရပ်ပြန်စေလိုသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့တို့ တိုက်တွန်းခဲ့ကြောင်း စစ်ဘေးရှောင်ဒေသခံနှင့် ဆရာတော်တို့ထံမှသိရသည်။

    ယမန်နေ့ မော်လမြိုင်မြို့ရှိသာသနာ ၂၅၀၀ ကျောင်းတိုက်တွင် ဓမ္မသတ်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံများ၊ သဃာၤတော်များနှင့် ကူညီကယ်ဆယ်သူတို့ကို နေရပ်ပြန်ရောက်မှ ၎င်းတို့၏ လှူဒါန်းမှုနှင့်ကူညီကယ်ဆယ်မှု စတင်နိုင်မည်ဖြစ်ခြင်းကြောင့် နေရပ်ပြန်ရန်တိုက်တွန်းခဲ့သည်ဟု အဆိုပါကျောင်းတိုက်တွင် စစ်ဘေးရှောင်နေသည့် သံင်္ဃာတော်တစ်ပါးက မိန့်ကြားသည်။

    “မနေ့ကတော့ ဆရာတော်တို့ကျောင်း ဒကာတွေကိုရော ဆရာတော်တို့ကိုရောရွာပြန်ဖို့ တောင်းဆိုတယ်။ ရွာသားတွေ ပြန်ကြမှ ပြန်လည်ထူထောင်ရေးတွေ လှူဒါန်းတာတွေလုပ်ဆောင်လို့ရမယ်။ပြန်ရင်သူတို့ လုံခြုံရေးယူပေးမယ်လို့ပြောတယ် ” ဟု ဆရာတော်တစ်ပါးကမိန့်သည်။

    ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် လက်ရှိ ဆောက်လုပ်ရေးပစ္စည်းများ စုဆောင်းလျှက်ရှိပြီး ဆောက်လုပ်ရေးဆိုင်ရာအင်ဂျင်နီယာများ၊ လျှပ်စစ်မီးကျွမ်းကျင်သူများနှင့် ပြန်လည်ပြင်ဆင်သွားမည်ဟု ယမန်နေ့တွင် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့တို့ ပြောဆိုခဲ့ဟု ဆိုသည်။

    သို့သော် နေရပ်ပြန်ဝင်သူတို့ကို အမည်၊ မှတ်ပုံတင်နှင့် ရွာသားဖြစ်ကြောင်းအထောက်အထားများကို စစ်ဆေးနေသည့်အပြင် စစ်လက်နက်ပစ္စည်းများ ရွာဘုန်းကြီးကျောင်းအတွင်း ထာားရှိထားခြင်းကြောင့် နေရပ်မပြန်လိုသေးကြောင်း ကျိုက်မရောစစ်ဘေးရှောင်နေသူတစ်ဦးက ဆိုသည်။

    “အိမ်တွေကိုဖောက်ထွင်းထားတာ ပျက်စီးနေတဲ့ရွာကိုကြည့်ပြီးစိတ်မကောင်းရတယ် ၊ သူတို့တပ်သားလဲ သွားလာနေတယ်။ လုံခြုံမလုံခြုံသေး ဆိုတာက မသိနိုင်တဲ့ အနေအထားမလို့ပြန်သွားတဲ့ သူတွေများပါတယ်။ ပစ္စည်းဝင်ယူကြ သူတွေရှိတယ်။ ရွာမှာနေထိုင်ဖို့ကအခြေနေကြည့်ရအုံးမယ် ” ဟု ဆိုသည်။

    စစ်မျက်နှာပြင်ဖြစ်ခဲ့သည့် ဓမ္မသတ်ရွာနှင့်တရနာရွာတို့တွင် တစ်လတာကာလအတွင်း နေအိမ် ၃၀၀ ကျော် မီးလောင်ခံထားရပြီး ကျန်ရှိသည့် နေအိမ်တို့တွင် ပစ္စည်းတစ်စုံတစ်ရာ မရှိသည်အထိ ဖောက်ထွင်းခံထားရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဓမ္မသကျေးရွာအနီးပတ်ဝန်းကျင်ရှိကျေးရွာတို့သည်တည်ငြိမ်အေးချမ်းနေပြီးဖြစ်သည့်အတွက် စစ်ရှောင်ပြည်သူများနေရပ်ပြန်နိုင်ကြပြီးဖြစ်ကြောင်း စစ်ကောငစီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့က ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks