spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်မြို့အတွင်းသို့ နေရပ်ပြန်သူများသော်လည်း အမှန်တကယ်နေထိုင်သူ အနည်းငယ်သာရှိ

    ကော့ကရိတ်မြို့အတွင်းသို့ နေရပ်ပြန်သူများသော်လည်း အမှန်တကယ်နေထိုင်သူ အနည်းငယ်သာရှိ

    -

    ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့အတွင်းသို့ နေရပ်ပြန်ခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီမှ ဧပြီ ၂၈ ရက်နေ့က ထုတ်ပြန်လာပြီးနောက် စစ်ဘေးရှောင်တို့ မြို့အတွင်းကို ပြန်လည်ဝင်ရောက်လာကြသော်လည်း အမှန်တကယ်နေထိုင်သူ အနည်းငယ်သာရှိသည်ဟု သိရသည်။

    နယ်မြေပြန်လည် တည်ငြိမ်လာမှုကြောင့် ဧပြီလ ၂၈ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ် စစ်ဘေးရှောင်တို့ မြို့အတွင်းကိုအဆက်မပြတ် ဝင်ရောက်လာသော်လည်း နေအိမ်ကိုစိတ်မချ၍ ခေတ္တပြန်လာသူနှင့် လိုအပ်သည့် ပစ္စည်းတို့ကို ပြန်လာယူသူတို့သာ များလျှက်ရှိသည်ဟု ကော့ကရိတ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

    “ သူတို့ (စစ်ကောင်စီ)က လမ်းဖွင့်လိုက်ပြီး အစတုန်းကဆိုဘယ်သူမှ သွားလို့မရဘူး ပြန်လာချင်တဲ့လူတွေပြန်လာလို့ရပြီးပေါ့ တချို့ဝင်လာပြီးရင် သူတို့အိမ်မှာရှိတဲ့ပစ္စည်းတွေယူပြီး ပြန်ထွက်ကြတယ်။ သာမညကလူတွေလည်းပြန်တယ် တချို့က အိမ်ကိုပဲတစ်ချက်ပြန်ကြည့်ပြီးတော့ ပြန်သွားကြတာပဲ အကုန်လုံးကော့ကရိတ် ပြန်တာတော့မဟုတ်ဘူး" ဟု ဆိုသည်။

    ထို့အပြင် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုအပြင် ရိူ့မီးကြောင့် နအိမ်မီးလောင်ပြာကျခဲ့ရသည့် ဒေသခံတို့ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

    ပြန်လည်နေထိုင်သူတို့သည် အပြည့်အဝပြောင်းရွေ့နေထိုင်သည့်ပုံစံမဟုတ်ဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ ယာယီနေထိုင်နေကြကြောင်း နေရပ်ပြန်သူနဲ့ နီးစပ်သူတစ်ဦးကဆိုသည်။

    “မနေ့ကလည်းပြန်တယ် ဒီနေ့ပြန်ကြတယ် ပန်တဲ့လူက တာ်တော်လေးကိုပြန်ကြတယ် တချို့ကလည်း ပစ္စည်းပြန်သယ်တယ် တချို့ကလည်းသွားပြန်နေတယ် ဘာပစ္စည်းမယူသွားဘူး လူပဲ အိမ်မှာသွားပြန်နေတာပေါ့ သူတို့သွားပြန်နေပေမဲ့လည်း ပစ္စည်းတွေက စိတ်မချလို့ သူများရွာမှာပဲ ထားထားတယ် ” ဟု ေနရပ်ပြန်သူနှင့် နီးစပ်သူထံမှ သိရသည်။

    ကော့ကရိတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီးနောက် ဧပြီလ ၂၇ ရက်နေ့တွင် မြို့ပေါ်သို့ ဒေသခံ ခြောက်ရာနီးပါး နေရပ်ပြန်ရောက်လာသလို မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များလုပ်ဆောင်နေဟု စစ်ကောင်စီက ဆိုသည်။

    စစ်ကောင်စီတို့က ပြန်လည်ရရှိထားသည့် ကော့ကရိတ်မြို့ပေါ်တွင် ဌာနဆိုင်ရာနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို မေလ ၁ ရက်နေ့တွင် ပြန်လည်ဖော်ဆောင်နိုင်ရေး လုပ်ဆောင်နေကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။

    ကော့ကရိတ်မြို့ကို လွန်ခဲ့သည့် ၃ လခန့်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီမှ နယ်မြေများကို လက်လွှတ်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks