Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအကျိုးအမြတ်ရရှိမှုနည်းပါးခြင်းကြောင့် စီးပွားရေးလုပ်ငန်းအချို့ မလည်ပတ်နိုင်

    အကျိုးအမြတ်ရရှိမှုနည်းပါးခြင်းကြောင့် စီးပွားရေးလုပ်ငန်းအချို့ မလည်ပတ်နိုင်

    -

    မွန်ပြည်နယ်အတွင်းရှိ လည်ပတ်နေဆဲဖြစ်သည့် အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်ရရှိမှု နည်းပါးလာခြင်းကြောင့် ရပ်နားရမည့်အခြေအနေဖြစ်လာသည်ဟု လုပ်ငန်းရှင်တို့ထံမှ သိရသည်။

    ယခုရက်ပိုင်းအတွင်း နိုင်ငံခြားငွေအဆမတန်မြင့်တက်လာမှုကြောင့် အကျိုးအမြတ်ရရှိမှု နည်းပါးသွားသည့်အပြင် လုပ်သားရှားပါးမှုနှင့်ပါ ရင်ဆိုင်နေရခြင်းကြောင့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်ဟု  အထည်ချုပ်လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

    “အခုကျွန်မတို့အထည်လုပ်ငန်းက လက်လီထက်လက်ကား ကိုပဲ ပိုဦးစားပေးနိုင်တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ဆိုင်မှာပစ္စည်းတွေသိုလှောင်ဖို့ နိုင်ငံခြားငွေက တစ်နေ့နဲ့တစ်နေ့ဈေးနှုန်းက မတူနေတော့ ရေရှည်အတွက်က လုပ်ငန်းဆက်လည်ပတ်ဖို့က မသေချာတော့ဘူး။ အဲ့တာက အထည်လုပ်ငန်းတိုင်းကြုံနေရတဲ့အခက်ခဲဖြစ်တယ်။ နောက်တစ်ခုကကျွန်မတို့လုပ်ငန်းတွေရဲ့လုပ်သားတွေကလည်း ထိုင်းကိုတက်ဖို့အလုပ်ထွက်ကြတာများလာတော့၊ ဆက်လက်လည်ပတ်ဖို့က ခက်ခဲတယ်" ဟု ဆိုသည်။

    ယနေ့ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၉၀၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ခြင်းကြောင့် ကုန်ကြမ်းဝယ်ယူရန် ခက်ခဲလျှက်ရှိသည်ဟု ဆိုသည်။

    အလားတူမွန်ပြည်နယ်တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ခရီးသွားလာသူ မရှိသလောက် နည်းပါးလာသည့်အတွက် ဟိုတယ်နှင့်မိုတယ် လုပ်ငန်းတို့လည်း ပိတ်ထားရသည့်အနေထားသို့ရောက်ရှိနေသည်ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    “မော်လမြိုင်မြို့ပေါ်မှာတော့ ဖွင့်ထားတာကရှိတယ်ပေါ့။ ဒါပေမဲ့ ကိုယ့်ပြည်နယ်ဘက်မှာ လုံခြုံမှုမရှိနေတော့ ခရီးသွားက အဝင်နည်းနေမှာပဲ။ မုဒုံတို့ ရေးတို့ဘက်ကျတော့ မင်္ဂလာပွဲတို့ အစည်းအဝေးတို့ အဲလိုပွဲတွေရှိမှ လက်ခံပြီးတော့ဖွင့်တာရှိတယ်။ ပိတ်ထားရတဲ့ဟိုတယ်တွေကများတယ် ” ဟု ဆိုသည်။

    အာဏာသိမ်းမှုသုံးနှစ်တာကာလတွင် ကျပ်ငွေတန်းဖိုးသိသိသာသာ ကျဆင်းသွားခြင်းကြောင့် လုပ်ငန်းဆောင်ရွက်ရာ၌ အရင်းငွေပမာဏအမြောက်များစွာ သုံးစွဲနေရသော်လည်း အမြတ်ရရှိနှုန်း နည်းသထက်နည်းလာသည်ဟု ဆက်လက်ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းအများစုတို့သည် ပြည်တွင်းဈေးကွက်ကိုသာမှီခိုနေရသည့်အတွက် လုပ်ငန်းပြန်လည်ကောင်းမွန်လာနိုင်သည့်အခြေအနေနှင့် ဝေးနေသေးသည်ဟု လုပ်ငန်းရှင်တို့က သုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks