spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူငယ်များကို ညဘက်ဖမ်းဆီးနေ

    မော်လမြိုင်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူငယ်များကို ညဘက်ဖမ်းဆီးနေ

    -

    မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၂) တက်ရောက်ရန် လူငယ်များကို လိုက်လံဖမ်းဆီးခေါ်ဆောင်နေသည်ဟု မြို့ခံတို့ထံမှတစ်ဆင့်သိရသည်။

    စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းတို့သည် ညဘက် ၈ နာရီနောက်ပိုင်း ရှောင်သခင်စစ်ဆေးခွင့်ဟုဆိုကာ မြို့ပေါ်ရှိ လမ်းဆုံနေရာနှင့် မီးပွိုင့်နေရာတို့တွင် လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးလျှက်ရှိပြီး ငွေကြေးဖြင့် ပြန်လည်ရွေးစေကြောင်း သိရသည်။

    ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့ညပိုင်းအချိန်တွင် စစ်ကားနှင့်တင်ဆောင်လာသည့် လူငယ်(၆) ဦးကို မွန်ယဉ်ကျေးမှု ပြတိုက်အနီး စစ်သားစုဆောင်းရေးဌာနသို့ပို့ဆောင်ထားပြီးနောက် ငွေကြေးနဲ့ပြန်မရွေးနိုင်သည့်သူတို့ကို အပတ်စဉ်(၂) သင်တန်းအတွက် စစ်သားအဖြစ်စုစည်းထားသည်ဟု
    စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

    “ညက သူတို့ဘယ်ကနေဖမ်းလာတာလဲတော့မသိဘူး။ ကျွန်တော်ကြည့်ရတာ သူတို့(လူငယ်) တွေက အများဆုံးရှိရင် အသက်တွေက ၁၉၊ ၂၀ ဝန်းကျင်လောက်ပဲရှိမှာ။ သူတို့ပုံစံက ခပ်မိုက်မိုက်စတိုင်လေးတွေပေါ့။ ပိုက်ဆံနည်းနည်းရှိတဲ့လူတွေပေါ့။ ကားနဲ့တင်ခေါ်လာတာ ခြောက်ယောက်ပေါ့။ အဲတာကို မနက်ပိုင်းက ငွေကြေးနဲ့ပြန်သွားရွေးဖို့ မိဘတွေဆက်သွယ်တယ် လို့တော့ကြားတယ် အဲလိုထပ်ကြားထားတယ် ” ဟု ဆိုသည်။

    မော်လမြိုင်မြို့ပေါ်တွင် သင်္ကြန်မတိုင်မီကာလကပင် ယခုကဲ့သို့ဖမ်းဆီးမှုလုပ်ဆောင်နေပြီး လူငယ် ၂၀ ဦးထက်မနည်းဖမ်ဆီးခံထားရပြီးဖြစ်ကြောင်း သိရသည်။

    ၎င်းအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှုးတို့မှ စစ်မှုထမ်းရန် မဲပေါက်သည်ဟုပြောဆိုကာ အိမ်တိုင်ယာရောက် အကြောင်းကြားစာများ ပို့ဆောင်နေသဖြင့် လူငယ်တို့အတွက် စိုးရိမ်မကင်းဖြစ်ရသည်ဟု မော်လမြိုင်မြို့မှ မိဘတစ်ဦးကဆိုသည်။

    “ တစ်ချို့ရပ်ကွက်တွေက မြို့နယ်ထွေအုပ်ရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးရော၊ စည်ပင်ရောပေါင်းပြီးတော့ မဲမနှိုက်ဘဲနဲ့ ဒီအိမ်ကမဲပေါက်သွားပါတယ်ဆိုတဲ့အကြောင်းကြားစာတွေနဲ့လာခေါ်တာလဲရှိပါတယ်။ အဲ့ကြောင့်အခုညပိုင်းမဟုတ်ဘူး နေ့ပိုင်းမှာလည်း အသွားအလာ သတိထားနေရတာ။ နေ့တွင်းပိုင်းမှာ ဆိုင်ကယ်တွေကို ဖမ်းပြပြီး ငွေကြေးတောင်းခံတာတွေရှိတယ်။ ချက်ချင်းမပေးနိုင်ရင် ဖမ်းခေါ်သွားနေတာရှိတော့ မိဘတိုင်းက သားသမီးတွေအတွက်က စိတ်ပူနေရတာပေါ့" ဟု ဆိုသည်။

    စစ်ကောင်စီမှ ယခုကဲ့သို့ လူငယ်တို့ကို အလွယ်တကူ ဖမ်းဆီးခေါ်ဆောင်နေသည့်အတွက် မော်လမြိုင်မြို့ပေါ်တွင် ညဘက် ၉ နာရီနောက်ပိုင်းအချိန်၌ ဒေသခံများသွားလာလှုပ်ရှားမှုမရှိတော့ကြောင်း ဆိုထားသည်။

    မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဉပဒေအပတ်စဉ်(၁) ကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် သင်တန်းကျောင်းအဖြစ်ဖွင့်လှစ်ထားပြီး သင်တန်းသားအယောက် ၂၀၀ ကျော် ရှိကြောင်း Burma Affairs And Conflict Study ( BACA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks