spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစစ်ကြောင်းထိုးဝင်ရောက်ချိန်တွင် ပစ်သတ်ထားသည့် ဒေသခံအမျိုးသား ၃ ဦးခန့်ရှိ

    စစ်ကြောင်းထိုးဝင်ရောက်ချိန်တွင် ပစ်သတ်ထားသည့် ဒေသခံအမျိုးသား ၃ ဦးခန့်ရှိ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးဝင်ရောက်လာချိန်တွင် ပစ်သတ်ထားသည့် ဒေသခံအမျိုးသား ၃ ဦးရှိကာ ပြီးခဲ့သည့်ဧပြီ ၂၇ ရက်နေ့က ၎င်းတို့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

    အဆိုပါအမျိုးသား ၃ ဦးတို့သည် စစ်ကောင်စီအဖွဲ့တို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် ဧပြီ ၂၅ ရက်နေ့က မိမိတို့နေထိုင်ရာ ကျေးရွာအသီးသီးတွင် ပျောက်ဆုံးနေခဲ့ပြီး ၂၇ ရက်နေ့တွင် ၎င်းတို့ရွာတွင်ပင် အလောင်းပြန်လည် တွေ့ရှိခဲ့သည်ဟု သိရသည်။

    ပစ်သတ်ခံရသူတို့သည် ကျိုက်မရောမြို့နယ်၊ ကော့ပလိုင်းကျေးရွာနေ အသက် ၃၀ အရွယ်ရှိသည့် မင်းအောင်ချမ်း ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှ အသက် ၃၆ နှစ် အရွယ်ရှိသည့် နိုင်စိုက်ဂျီနှင့် ကော့ဘိန်းတိုက်နယ်ဈေးအတွင်း သေဆုံးနေသည့် အမည်မသိ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

    “ပျောက်တဲ့နေ့က အကုန်လုံးတစ်ရက်ထဲပဲ။ သူ့နေရာနဲ့သူ သတ်ထားတာ။ တစ်ယောက်က ဆိုင်ကယ်ကိုယူပြီး ကော့ဘိန်းဈေးတန်းမှာ ပစ်သတ်ထားတယ်။ နောက်တစ်ယောက်က မျက်နှာကို အဝတ်စနဲ့ပတ်ပြီး ကော့ပလိုင်းအနောက်ဘက်က ချောင်းနံဘေးမှာ ပစ်သတ်ထားတယ်။ ရက်ရက်စက်စက်ကို ပစ်သတ်ထားတာ။ ဘယ်သူဘယ်ဝါမှန်း သိအောင် မနည်းကြည့်ယူရတယ်။ ပုတ်ပွနေတာပဲ” ဟု ကော့ပလိုင်ဒေသခံတစ်ဦးက ပြောသည်။

    ယမန့်နေ့ ဧပြီလ ၂၈ ရက်နေ့တွင် မင်းအောင်ချမ်း၏ ရုပ်အလောင်းကို ကော့ပလိုင်းသင်္ချိုင်းတွင် သင်္ဂြိုဟ်ခဲ့ပြီး နိုင်စိုက်ဂျီ၏ ရုပ်အလောင်းကို အလောင်းတွေ့သည့်နေရာတွင်ပင် သင်္ဂြိုဟ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

    “နှစ်ယောက်က သင်္ဂြိုဟ်ပြီးပေမယ့် ကျန်တဲ့တစ်ယောက် ပိုင်ရှင်မပေါ်သေးဘူး။ အဲ့ဒီကော့ဘိန်းဈေးထဲမှာပဲ။ ပုတ်ပွနေတာ။ ပိုင်ရှင်မသိသေးတော့ အခုထိ မသိမ်းရသေးဘူး။ ရွာမှာက ပရဟိတသမားတွေလည်းမရှိတော့အလောင်းကိုယူသွားယူလာလည်းမရဘူး။ တွေ့တဲ့နေရာမှာ တာယာတွေနဲ့ဖုံးပြီး သင်္ဂြိုဟ်ပေးနေရတာ” ဟု သူက ဆိုသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်းရောက်ခဲ့သည့် စစ်ကောင်စီ ခလရ ၈၁ ဇာသပြင်မှ အင်အားရာနှင့်ချီရှိသည့် ကရင်နယ်ခြားစောင့်တပ် BGF တို့နှင့် ပူးပေါင်းပြီး ရေကြောင်းမှတစ်ဆင့် ကော့ဘိန်း၊ ကော့ပလိုင်ရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံရွာသားတို့ကို ဖမ်းဆီးအကြမ်းဖက်မှုတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ထို့အပြင် စစ်ကောင်စီတပ်တို့ ကော့ဘိန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်စဉ်တွင် သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

    လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းဆည်းခဲ့ပြီး မီးရှို့ဖျက်စီးထားသည့် အဆိုပါကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတို့ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသော်လည်း အခြေချ မနေထိုင်ရသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်ကျေးရွာအတွင်းသို့ စစ်ကြောင်ထိုးဝင်ရောက်လာသည့်အတွက် ၎င်းကျေးရွာမှ ဒေသခံများတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းကြောင့် စစ်ကောင်စီတပ်တို့က နေအိမ်ဖောက်ထွင်းဝင်ရောက်ကာ အိမ်သုံးပစ္စည်းတို့အပြင် တန်ဖိုးကြီးပစ္စည်းတို့ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks