spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းသထုံတွင် စစ်ကောင်စီအမြှောက်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေ၊ ရော်ဘာခြံ ၁၅ ဧကခန့် မီးလောင်

    သထုံတွင် စစ်ကောင်စီအမြှောက်တပ် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေ၊ ရော်ဘာခြံ ၁၅ ဧကခန့် မီးလောင်

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမတ-၄၀၂ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင်း အရပ်သား ၁ ဦး သေဆုံးကာ၊ ရော်ဘာခြံ ၁၅ ဧကခန့် မီးလောက်ပျက်စီးသွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

    ဧပြီ ၂၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က အမတ-၄၀၂ မှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဓနုကျေးရွာအုပ်စု၊ ဓါးရိုးကျေးရွာအနီးရှိ ဥယာဉ်ခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းခြံလုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၆၇ နှစ်အရွယ် နောင်ဘိုရွာသား တီးရိုးသည် လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင်လည်း အမတ-၄၀၂ မှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကော့လှိုင်းရွာအနောက်ဘက် ဒေသအခေါ်အဝေါ်(ဃို့ဖိုးကော်ကုန်း) ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရော်ဘာခြံ ၁၅ ဧကခန့် မီးလောက်ပျက်စီးသွားခဲ့သည်။

    ၎င်းပြင် နံနက် ၁၁ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီ ခမရ-၉ တပ်စခန်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သည်ဟု KNU သထုံမြို့နယ်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks