spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်ရှောင်အရေးကူညီနေသူကို စစ်တပ်ကဖမ်းဆီးနေလို့ စစ်ရှောင်များအတွက် အခက်အခဲဖြစ်လာနိုင်

    စစ်ရှောင်အရေးကူညီနေသူကို စစ်တပ်ကဖမ်းဆီးနေလို့ စစ်ရှောင်များအတွက် အခက်အခဲဖြစ်လာနိုင်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများကို အကူအညီပေးနေသူကို စစ်ကောင်စီက ဖမ်းဆီးမှုပြုလုပ်နေသည့်အတွက် စစ်ရှောင်ပြည်သူများ အခက်ခဲဖြစ်လာနိုင်သည်ဟု စစ်ရှောင်အရေးကူညီနေသူနှင့် စစ်ရှောင်ပြည်သူတို့ထံမှ သိရသည်။

    ကျိုက်မရောမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများကို အကူအညီပေးနေသည့် ဒေါက်တာအောင်နိုင်းကို စစ်ကောင်စီတပ်က ဧပြီလ ၁၀ ရက်နေ့ ဖမ်းဆီးခဲ့သည်။

    လက်ရှိတွင် ကျိုက်မရောမြိုနယ်အတွင်း စစ်ရေးတင်းမာနေသည့်အခြေအနေရှိနေသည့်အပြင် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် စစ်ရှောင်ပြည်သူများလည်း နေ့စဉ်တိုးလာနေသည်။

    စစ်ဘေးရှောင်များ တိုးလာသည့်အမျှ လိုအပ်ချက်များ ရှိလာသည့်အပြင် ရေရှည်တွင် အစားအသောက်နှင့် ဆေးဝါးအတွက် အခက်ခဲရှိလာနိုင်သည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

    “ဒီတိုက်ပွဲက ဘယ်နေ့မှ ပြီးဆုံးသွားမှာကို မသိနေဘူး။ အခုလောလောဆယ် တစ်ပတ်လောက်က ပရဟိတသူတွေ ဆီကနေပို့ထားပေးတဲ့ အစားသောက်တွေက လောက်နေသေးတယ်။ အကယ်လို့ သူတို့(စစ်တပ်) ဒီလိုမျိုး စစ်ရှောင်ထောက်ပံတဲ့အဖွဲ့တွေကို ဆက်လက်ပြီး ရှာဖွေစစ်ဆေးနေမယ်ဆိုရင်တော့ ကျွန်မတို့အတွက် အခက်ခဲဖြစ်သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့က သူတို့ (ပရဟိတ) ပေးတဲ့ အစားသောက်ကိုပဲ အားကိုးနေရတယ်လေ” ဟု ဆိုသည်။

    စစ်ရှောင်ပြည်သူများအစုသည် ဘုန်ကြီးကျောင်းတို့တွင် တိမ်းရှောင်နေကြရသလို ရွာအနီးနားတဝိုက်ရှိ တောတောင်၊ လိုဏ်ဂူတို့တွင် တိမ်းရှောင်နေကြသည်လည်း ရှိနေသည်။

    စစ်ရှောင်ကူညီနေသူများကို တော်လှန်ရေးတပ်ဖွဲ့တို့နှင့် အချိတ်အဆက်ပြုလုပ်နေသည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးနေသောကြောင့် မြေပြင်တွင် စစ်ရှောင်များကို အကူအညီပေးနေသည့် ပရဟိအသင်းအဖွဲ့များ လွတ်လပ်စွာကူညီနိုင်ခြင်းမရှိသည့်အခြေအနေရှိနေသည်ဟု အခြားစစ်ရှောင်တစ်ဦးက ပြောသည်။

    ၎င်းက “ဒေါက်တာအောင်နိုင်ဦး ဖမ်းခံရတယ်လို့ ကြားသိရတဲ့နောက်ပိုင်းမှာ ပရဟိတအဖွဲ့အကုန်လုံးက လန့်နေကြတယ်။ စစ်ရှောင်ရှိတဲ့ နေရာကို လာကြတာလည်း နည်းတယ်။ ဘယ်လိုမျိုး လုပ်ငန်းကို ဆက်သွားရမလဲဆိုတာကို ပြန်စဉ်းစားရတယ်။ အခုလောလောဆယ်က မလှုပ်ရှားရဲတော့ဘူး” ဟု ပြောသည်။

    တိုက်ပွဲနှင့် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် ကျိုက်မရောမြို့နယ်အတွင်းက ဓမ္မသ၊ တရနာ၊ သံကလောင်၊ ကော့စွယ်၊ ကော့သပ်၊ ကောနွတ် အစရှိသည့် ကျေးရွာတို့မှ ဒေသခံပြည်သူ တစ်သောင်းနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    စစ်ဘေးရှောင်များကို အနယ်နယ်အရပ်ရပ်က အလှူရှင်တို့၏ လှူဒါန်းမှုဖြင့် ဒေသတွင်းရှိ ပရဟိတအဖွဲ့အစည်းတွေ၊ စစ်ရှောင်အရေးအကူအညီပေးနေသူတို့က သွားရောက်ကူညီနေပြီး စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရသည်ဟု စစ်ရှောင်အရေးကူညီနေသူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks