spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဓမ္မသရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    ဓမ္မသရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဧပြီလ ၈ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်အချိန်ခန့်ကစပြီး စစ်ကောင်စီ လေယာဉ်ပျံသန်းလာပြီ ည ၈ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဓမ္မသရွာဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း ဆောင်များ၊ ဘုရားစေတီများ မီးလောင်ပျက်စီးသွားခဲ့သည်။

    စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုအချို့လည်း ရှိခဲ့သည်။

    ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းကလည် အင်အား ၃၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဓမ္မသရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခဲ့သည်ဟု ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

    နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း အရေအတွက်ကိုတော့ စုံစမ်းဆဲဖြစ်ကြောင်း ဂဠုန်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks