spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသထုံမြို့နယ်တွင် ကျောက်တင်ရထား ထပ်မံမိုင်းခွဲခံရ

    သထုံမြို့နယ်တွင် ကျောက်တင်ရထား ထပ်မံမိုင်းခွဲခံရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တံတားဦးကျေးရွာ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်းတွင် ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းက ကျောက်တင်ရထား ထပ်မံမိုင်းခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ နံနက် ၇ နာရီအချိန်ခန့်က သထုံဘက်မှ ဘီးလင်းဘက်သို့ သွားနေသည့် ကျောက်တင်ရထားသည်  သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားအရောက်တွင် မိုင်းခွဲခံရခြင်းဖြစ်သည်။

    ကျောက်တင်ရထား မိုင်းခွဲခံရခြင်းကြောင့် ရထားစက်ခေါင်းမောင်းသူ ထိခိုက်ဒဏ်ရာရရှိပြီး ရထားတွဲ ၄ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သည်ဟု သိရသည်။

    ကျောက်တင်ရထား မိုင်းခွဲခံရပြီး ရထားလမ်းပိုင်းပျက်စီးသွားသည့်အတွက် ဧပြီလ ၁၀ ရက်နေ့တွင် မော်လမြိုင်- ရန်ကုန်၊ ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ် ယာယီဖျက်သိမ်းသည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

    မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းကလည်း ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် 

    ဒုံဝန်းဘူတာကြားတွင် ကျောက်တင်ရထား မိုင်းခွဲခံရပြီး ရထားတွဲဆိုင်း ၇ တွဲ လမ်းချော်တိမ်းမှောက်သွားခဲ့သည့်အပြင် ရထားလမ်းလည်း ပေ ၂၀ ခန့် ပျက်စီးသွားခဲ့သည်။

    ထိုစဉ်ကလည်း ရထားမိုင်းခွဲခံရပြီး ရထားလမ်းပျက်စီးသွားသည့်အတွက် ရန်ကုန်-မော်လမြိုင်ၞ မော်လမြိုင်- ရန်ကုန် ရထားခရီးစဉ် တစ်ပတ်ခန့် ရပ်ဆိုင်းခဲ့ရသည်။

    ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သိမ်ဆိပ်နှင့် ဒုံးဝန်းဘူတာကြားတွင် ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံရတာ၊ ရထားလမ်းပိုင်း မိုင်းခွဲခံရတာတွေ မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks