spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသင်္ကြန်အလွန် တိုက်ပွဲများ ပိုပြင်းထန်လာနိုင်

    သင်္ကြန်အလွန် တိုက်ပွဲများ ပိုပြင်းထန်လာနိုင်

    -

    သင်္ကြန်ပွဲတော်ကာလအလွန်တွင် တိုက်ပွဲများ ပိုမိုပြင်းလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့က သုံးသပ်ပြောဆိုနေကြသည်။

    လက်ရှိတွင် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီက ပြည်လည်ထိုးစစ်ခံနေရကြောင်း၊ တန်ပြန်ထိုးစစ်အရှိန်က သင်္ကြန်အလွန် ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

    “ပြည်တွင်းစစ်ကတော့ အခု သိတဲ့အတိုင်းပေါ့၊ စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်ခံနေရတာက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဘက်စုံမှာ တွေ့နေရပါတယ်ခင်ဗျ၊ အဲဒီတော့ အဲဒီအရှိန်အဝါ ကျနော်ထင်တာကတော့ သင်္ကြန်အပြီး ဒီထက် ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ အုံနဲ့ကျင်းနဲ့ ဝိုင်းဝန်းတိုက်ခိုက်လာတဲ့ အခြေအနေတစ်ခု သင်္ကြန်အလွန်ကာလမှာ ကြုံတွေ့ရနိုင်တယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာ အခြေချစခန်း၊ ခြေမြန်တပ်ရင်း (ခမရ -၃၅၆)နှင့် (ခမရ -၃၅၇) စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဖက်မှ ဗျူဟာမှူး၊ အရာရှိများအပါအဝင် တပ်သား၊ ရဲမေနှင့် မိသားစုဝင် စုစုပေါင်း ၆၀၀ ကျော် လက်နက်ချ အညံခံမှု ရှိခဲ့သည်။

    ထို့အတူ ဧပြီ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင်လည်း မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိလာသည့် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်းနှင့်အဖွဲ့အား ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ကာမီကာဇေ (Fixed Wing Drone) ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

    ရှမ်းမြောက်ရှိ မြို့အချို့ကို ကိုးကန့်တပ် (MNDAA)၊ တအာန်းတပ် (TNLA) တို့က သိမ်းယူထားသလို ရခိုင်ပြည်နယ်အတွင်းက မြို့အချို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) က သိမ်းယူနိုင်ခဲ့ခြင်းကြောင့် တော်လှန်ရေးအင်အားစု အချို့လည်း ၎င်းပုံစံအတိုင်း လုပ်ဆောင်လာကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    “အခုပဲ သင်္ဃန်းညီနောင်ကျတယ်ဆိုပါတော့။ ဟိုဖက်က အထူးသဖြင့် မြောက်ပိုင်းက MNDAA တို့ ဘာတို့က အကောင်အထည်ဖော်တဲ့နည်းတွေ ရတဲ့နည်းတွေ AA ကလည်း မြို့တွေရတဲ့ နည်းတွေ NUG နဲ့ KNU ကလည်း ပုံစံကြည့်ရတာ လုပ်ချင်တဲ့ ဆန္ဒရှိပုံရပါတယ်။ ဒါကြောင့် သူတို့ အကောင်အထည်ဖော် တိုက်ကွက်ဖော်တယ်ပေါ့နော်၊ ဖော်တဲ့အခါကြတော့ ရှိသမျှ အင်အားအကုန် အကုန်စုစည်းပြီးတော့ တိုက်တာပေါ့နော်၊ ဒါကတော့ မော်စီတုန်းဗျူဟာအတိုင်း ကိုက်ညီပါတယ်” ဟု ၎င်းက ပြောသည်။

    နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုများက မြို့ပေါင်း ၅၀ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီး လက်ရှိတွင်လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks