spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ် ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    ဘီးလင်းမြို့နယ် ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း မြို့ခံများထံမှ သိရသည်။

    ဘီးလင်းမြို့နယ် ထွေအုပ်ရုံးအတွင်း ယနေ့ နံနက် ၉ နာရီခွဲကျော်ဝန်းကျင်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဆိုသည်။

    ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အဦး ထိခိုက်ပျက်ဆီးမှုရှိခဲ့သည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။

    မြို့နယ်ထွေအုပ်ရုံး တိုက်ခိုက်ခံရပြီးနောက် ရုံးဘက်သွားလမ်းများကို စစ်ကောင်စီက ပိတ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks