spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်သင်္ကြန်ပွဲ ပိုမိုစည်ကားအောင် ဖိအားပေးဆောင်ရွက်မှုရှိနေ

    မွန်ပြည်နယ်သင်္ကြန်ပွဲ ပိုမိုစည်ကားအောင် ဖိအားပေးဆောင်ရွက်မှုရှိနေ

    -

    မွန်ပြည်နယ်တွင် သင်္ကြန်ပွဲတော် ပိုမိုစည်းကားစွာကျင်းပရန်နိုင်ရန်အတွက် စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းတို့ကို ဖိအားပေးပါဝင်စေခြင်းတို့ လုပ်ဆောင်လျှက်ရှိကြောင်း မော်လမြိုင်မြို့ခံတို့မှ သိရသည်။

    လက်ရှိမော်လမြိုင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန်ရေး တာဝန်ကျအသင်းအဖွဲ့တို့ကို မဏ္ဍပ်ဖွင့်ပွဲနေ့အခမ်းအနားကို မဖြစ်မနေတက်ရောက်ရန် အစည်းဝေးအကြိမ်ကြိမ်ကျင်းပကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို ဖိအားပေးပြောဆိုမှုများရှိနေသည်ဟု မြို့ခံတစ်ဦးကပြောသည်။

    “ဖွင့်ပွဲနေ့မှာဆိုရင် ဌာနဆိုင်ရာဝန်းထမ်းနဲ့ ဝန်းကြီးတွေပဲပါမယ်။ ဖိအားနဲ့ပေါ့ တစ်ရပ်ကွက်ကို အုပ်ချုပ်ရေးမှုးတစ်ယောက် နဲ့သူ့လက်ထောက်တွေငါးယောက်က အရံအင်အားဖြည့်ဖို့ပေါ့။ အဲ့နေ့က သူတို့လမ်းကိုပိတ်ထားမယ်လေ ပြီးတော့မှ သူတို့အဲ့နေရာကို မှတ်တမ်းဓာတ်ပုံရိုက်ပြီးတော့ တင်မယ်။ အဲလိုပေါ့ သူတို့အစီစဉ်နေတာရှိတယ် ” ဟုဆိုသည်။

    ၎င်းအပြင် ယခုနှစ်စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်ကို ပါဝင်ပူးပေါင်းသည့် စီးပွားရေးလုပ်ငန်းရှင်တို့ အင်အားလျော့နည်းလာသည့်အတွက်မဏ္ဍပ်ဆောက်လုပ်ရန် လုပ်ငန်းရှင်တစ်ဦးထံ ကျပ် ငါးသောင်းမှ သိန်းဂဏန်းအထိ ကောက်ခံလျှက် ရှိနေသည်ဟုလည်း ဆက်လက်ပြောသည်။

    သင်္ကြန်ပွဲတော်ရက်နဲ့နီးကပ်လာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုတို့မှ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်မှု ပိုမိုများလာသည့်အပြင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်တို့လည်း မကြာခဏဖြစ်ပေါ်လျက်ရှိသည်။

    ထို့ကြောင့်စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေစဉ်တွင် လုံခြုံရေးတင်းကြပ်ထားပြီး မဏ္ဍပ်နှင့်အနီးအနားလမ်းတို့ကိုလည်း ပိတ်ထားသည်ဟု အခြားမော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    “သင်္ကြန်နဲ့နီးလာလေ မော်လမြိုင်ကမ်းနားလမ်းမှာ စစ်ကောင်စီကိုတော်လှန်တဲ့တော်လှန်ရေးပုံတွေပေါ်လာတယ်။ ပြီးတော့ မုဒုံမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာတွေအဲလို မြို့ပေါ်မှာဖြစ်လာတာ၊ အခုမဏ္ဍပ်ဆောက်လုပ်တဲ့အချိန်မှာလည်း စစ်တပ်အဖွဲ့တွေက စောင့်ကြည့်နေတယ်။ လမ်းကိုလည်း ဖြတ်သွားဖြတ်လာမပေးလုပ်ဘူး” ဟု ဆိုသည်။

    ထို့အပြင် စစ်ကောင်စီ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းတို့ကိုလည်း သင်္ကြန်ယိမ်းအကတွင် ပါဝင်ရန် ဖိအားပေးဆောင်ရွက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks