spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမိုင်းနှင့်ပေါက်ကွဲစေသည့် ပစ္စည်းတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၃ ဆနီးပါးမြင့်တက်လာ

    မိုင်းနှင့်ပေါက်ကွဲစေသည့် ပစ္စည်းတို့ကြောင့် အရပ်သားထိခိုက်သေဆုံးမှု ၃ ဆနီးပါးမြင့်တက်လာ

    -

    မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေသည့်ပစ္စည်းများကြောင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း ကလေးသူငယ်နှင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ၁၀၅၂ ဦးအထိ ရှိနေပြီး ၂၀၂၂ ခုနှစ်အရေအတွက်ထက် သုံးဆနီးပါးတိုးလာသည်ဟု ကုလသမဂ္ဂအပြည်ည်ဆိုင်ရာ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့( UNICEF)မှ ဧပြီလ(၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေသည့် ပစ္စည်းတို့ကြောင့် သေဆုံးသူ ၁၈၈ဦးနှင့် ဒဏ်ရာရသူ ၈၆၄ ဦးရှိခဲ့ပြီး၂၀၂၂ ခုနှစ်တွင် ထိခိုက်သေဆုံးသူ စုစုပေါင်း ၃၉၀ ဦးသာရှိနေခြင်းကြောင့် သုံးဆနီးပါးတိုးလာသည်ဟု ဖော်ပြထားသည်။

    ထို့အပြင် ၎င်းထိခိုက်သေဆုံးသူတို့၏ ၂၁ ရာခိုင်နှုန်းသည် ကလေးသူငယ်များဖြစ်ကြပြီး ပေါက်ကွဲမှုတိုင်းတွင်လည်း ကလေးသူငယ်တို့ ပါဝင်နေသည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

    နိုင်ငံတစ်ဝှမ်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့၊ တိုင်းရင်းသားလက်နက်ကိုင်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခဲ့ပြီး မြေမြှပ်မိုင်းနှင့် ပေါက်ကွဲစေသည့်ပစ္စည်းတို့ကို ဘက်ပေါင်းစုံမှ မဆင်မခြင် အသုံးပြုနေကြသည်ဟု UNICEF က ဆိုသည်။

    မြေမြှုပ်မိုင်းအသုံးပြုခြင်းသည် ပြစ်တင်ရှုတ်ချထိုက်သည့် ကိစ္စဖြစ်သည့်အပြင် နိုင်ငံတကာအရ တရားမဝင်သည့် လုပ်ရပ်ဖြစ်သည်ဟုလည်း UNICEF ၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှုး ကိုမင်နီက ဆိုသည်။

    UNICEF ၏ အချက်အလက်အရ ၂၀၂၃ ခုနှစ်အတွင်း မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများစု၏ ၃၅ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်ပြီး ဒုတိယအများဆုံးအဖြစ် ရှမ်းနှင့် ပဲခူးတိုင်းဒေသကြီးတို့ ပါဝင်နေကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် မြေမြှပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ တိုးလာသည့်အပြင် ပဋိပက္ခအခြေနေကြောင့် လူပေါင်း ၂.၈ သန်းကျော်အထိ အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်းလည်း လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်နေသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks