spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းတစ်လအတွင်း အုပ်ချုပ်ရေးမှူး ၅၀ ကျော် ရှင်းလင်းခံရ

    တစ်လအတွင်း အုပ်ချုပ်ရေးမှူး ၅၀ ကျော် ရှင်းလင်းခံရ

    -

    စစ်မှုမထမ်းမနေရဥပဒေကို စတင်အကောင်အထည်ဖော်ခဲ့သည့် မတ်လအတွင်း အုပ်ချုပ်ရေးမှူး ၅၀ ကျော် သတ်ဖြတ် ရှင်းလင်းခံခဲ့ရကြောင်း သိရသည်။

    လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ စုဆောင်းထားသောစာရင်းများအရ မတ်လတစ်လအတွင်း အုပ်ချုပ်ရေးမှူးနှင့် စစ်မှုထမ်းဥပဒေအတွက် လူစုဆောင်းပေးသူဟု စွပ်စွဲခံရသူ ၅၁ ဦးအထိ ပစ်ခတ်ရှင်းလင်းခံခဲ့ရသည်။

    မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ်အနှံ့အပြားက အုပ်ချုပ်ရေးမှူးများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီထောက်တိုင်အဖြစ်သတ်မှတ်ကာ ရှင်းလင်းရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဆိုသည်။

    “ကျွန်တော်တို့က ဒီဘက်မှာဆိုရင် ပျူစောထီးပေါ့ဗျာ။ စစ်တပ်အုပ်ချုပ်နေသေးတဲ့နေရာတွေမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေပေါ့။ တချို့ကလည်း လုပ်ချင်လို့ကို လုပ်နေတဲ့သူတွေရှိတာလေ။ လူသစ်တွေခေါ်ပေးတယ်။ အထက်လူကြီးဆီမှာ မျက်နှာရတယ်။ ဒါပေမယ့် စစ်တပ်ကို အင်အားကြီးစေမယ့် အခြေအနေကိုကူညီပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရှင်းပစ်ဖို့လိုတယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့လုပ်ရခြင်းဖြစ်တယ်” ဟု ပြောသည်။

    အထက်ပါအခြေအနေများကြောင့်လည်း အုပ်ချုပ်ရေးမှူးအချို့ တာဝန်မှ နှုတ်ထွက်သွားသည်လည်းရှိနေသည်။ ရခိုင်ပြည်နယ်၊ သံတွဲ မြို့နယ်မှ အုပ်ချုပ်ရေးမှူး ၂၀ ကျော်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နှုတ်ထွက်သွားခဲ့ကြသည်။

    ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးက “ကျွန်တော့်တို့ကျတော့ ဖိအားက နှစ်ဘက်ဗျ။ လွတ်မြောက်နယ်မြေမှာလည်းမဟုတ်ဘူးလေ ထွက်ချင်တိုင်းထွက်လို့ရမယ်ဆိုရင်တော့ ထွက်တာပေါ့ဗျာ” ဟု ဆိုသည်။

    စစ်ကောင်စီမှ စစ်မှုမထမ်းမနေရဥပဒေ ပထမအကြိမ် စခန်းသွင်း လေ့ကျင့်ရေးကို စတင်နေပြီဖြစ်သည်။ စစ်မှုထမ်းရန် ရပ်ကွက်အလိုက်မဲနှိုက်ခဲ့ရစဉ်က အုပ်ချုပ်ရေးမှူးများ လာဘ်ပေးလာဘ်ယူမှုများ ရှိခဲ့သလို ၎င်းတို့၏ မိသားစုဝင်များကို စာရင်းတွင် ထည့်သွင်းမှုမရှိခဲ့ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks