spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းတရနာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ လူနေအိမ်နှင့် မွန်အမျိုးသားကျောင်းတို့တွင်  စစ်ကောင်စီတပ်တို့စခန်းချ နေရာယူထား

    တရနာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ လူနေအိမ်နှင့် မွန်အမျိုးသားကျောင်းတို့တွင်  စစ်ကောင်စီတပ်တို့စခန်းချ နေရာယူထား

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရာနာကျေးရွာတွင်  စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့သည် လက်ရှိတွင် တရာနာကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ လူနေအိမ်၊ လမ်းကြိုလမ်းကြားနှင့် မွန်အမျိုးသားကျောင်းတို့တွင် ဝင်ရောက်နေရာယူထားပြီး စစ်ကြောင်းထိုးရန် အရှိန်ယူနေသည်ဟု သိရသည်။

    ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်လိုက်သည့် မတ်လ ၂၅ ရက်နေ့ ညနေပိုင်းအချိန်မှစပြီး စစ်ကောင်စီတပ်တို့ ကုန်ကြောင်းဖြင့် ကော့သတ်ကျေးရွာထဲသို့ စစ်ကြောင်းထိုဝင်ရောက်လာပြီး  ထိုမှတစ်ဆင့် ည ၇ နာရီတွင် တရာနာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည်။

    တရနာ ဒေသခံတစ်ဦးက “ အခုအခြေအနေကတော့ ငြိမ်နေသေးတယ်၊ စစ်သားကတော့ ရွာမှာရှိနေတုန်းပဲ၊ ဒါပေမဲ့ ဘာအသံမှမကြားရသေးဘူး၊ စဝင်လာတုန်းကတော့ ၆၀ လောက်ရှိမယ်၊ ညအချိန်မှာတော့ ကားနဲ့ ၆ စီး ထပ်ဝင်လာတယ်၊ ခုဆို သူတို့အင်အား ၁၀၀ ကျော်ကျော်လောက်ရှိမယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

    စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုးရန် ပြင်ဆင်နေသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ပြန်လည်ခုခံတိုက်ခိုက်ရန် ပြင်ဆင်လျှက်ရှိသည်။

    တိုက်ပွဲနောက်တစ်ကြိမ်ဖြစ်ပွားမည်ဆိုလျှင် စစ်ကောင်စီမှ လေကြောင်းအပြင် ရေကြောင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်သည့်အတွက် တိုက်ပွဲပြင်းထန်းနိုင်ကြောင်းလည်း ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

    ၎င်းအပြင် စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးဝင်ရောက်လာနေခြင်းကြောင့် ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာတို့မှ ဒေသခံများအပြင် ကျိုက်မရောမြို့နယ်ရှိ ဓမ္မသ၊ တရနာ၊ ကော့စွယ်၊ ကော့သပ် အစရှိသည့် ကျေးရွာတို့မှ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

    "ရဲစခန်း စပစ်တဲ့နေကတည်းက ရှောင်တဲ့လူတွေ ရှောင်နေကြပါပြီး၊ အခုဆို ယောကျားလေးတွေပဲ ကျန်ပါတော့တယ်၊ မနေ့က ရဲစခန်းကို သိမ်းပြီးလို့ တရနာဘက်ကို စစ်ကြောင်းထိုးဝင်လာကတည်းက တိုက်ပွဲပြင်ထန်းဖြစ်ပွားဖို့ရှိတယ်ဆိုတာ တွက်ထားကြတယ်လေ အဲ့ကြောင့် ရှောင်ကြတာပိုများ" ဟု တရာနာဒေသခံက ဆိုသည်။

     ကော့ဗိန်းရဲစခန်းကို သိမ်းပိုက်ရန် ပစ်ခတ်တိုက်ခိုက်နေသည့် ၂ ရက်တာအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် ရေတပ်သဘောင်္မှလည်း အမြှောက်ဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။

    ယနေ့ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ကော့ဗိန်း ကော့ပေါက်ရွာဘက်တွင် ဗုံးကြဲတိုက်ခိုက်မှု ရှိနေသည်ဟု ဒေသခံတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသာဖော်ထားပြီး လွပ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks