spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းကော့ဘိန်းရဲစခန်းကို တော်လှန်ရေးအဖွဲ့ သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးအဖွဲ့ သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    -

    ကရင်ပြည်နယ်၊ ကော့ကရိက်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိသည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD အဖွဲ့ထံမှ သိရသည်။

    ကော့ဘိန်းကျေးရွာရှိ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့ မတ်လ ၂၅ ရက်နေ့ မွန်းလွဲအချိန်မှာတော့ စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့များ လက်နက်ချအညံ့ခံခဲ့သည်။

    ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲများလည်း သိမ်းဆည်းရမိထားသည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားခဲ့သည်။

    “ရဲစခန်းက ကျွန်တော်တို့ရသွားပြီး။ စစ်တပ်က လက်နက်ချအညံ့ခံတယ်ဆိုတာ တကယ်ပါ။ အခုလောလောဆယ်တော့ (အညံ့ခံတဲ့ စစ်တပ်) ဘယ်နှယောက်ဆိုတာတော့ သတင်းအတိအကျ မရသေးဘူး။ ဒါပေမဲ့ သေနတ်ကတော့ ၁၀ လက် သိမ်းဆည်းရမိထားတယ်” ဟု နိုင်ဗညားမွန်က ပြောသည်။

    ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာ၊ ရေတပ်ဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေတာ ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကော့ဘိန်းရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွၚ်း ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

    ကော့ဘိန်းရဲစခန်းကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းပူးပေါင်းအဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks