spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းကိစ္စဆောင်ရွက်နေသည့် ကျိုက်ထိုမြို့နယ်မှ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    စစ်မှုထမ်းကိစ္စဆောင်ရွက်နေသည့် ကျိုက်ထိုမြို့နယ်မှ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာမှာ စစ်မှူးထမ်းကိစ္စဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှူးကို ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFနှင့် ပကဖပူးပေါင်းအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း KRF ကျိုက်ထို တော်လှန်ရေးအင်အားစုမှ ထုတ်ပြန်ထားသည်။

    ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီမှတစ်ပတ် ဝန်းကျင်သာ ခန့်အပ်ထားသည့် တောင်ကလေး ကျေးရွာအပိုင်း ကွင်းကလေးကျေးရွာအုပ်ကြီး ဦးစံလွင်ဆိုသူသည် ၎င်း၏နေအိမ်မှ ကျေးရွာအုပ်ချုပ်ရေးရုံး သို့သွားစဉ် ခ.မ.ရ (၂) စစ်တပ်အနီးလမ်းခုလတ်တစ်နေရာတွင် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

    “သူကအုပ်ချုပ်ရေးမှူးဖြစ်တာတစ်ပတ်လောက်ပဲရှိသေးတယ် အုပ်ချုပ်ရေးမှူး အဟောင်းက မလုပ်ချင်တော့လို့ ဦးစံလွင်ကပဲဆက်လုပ်နေတာ အခုကသူက ကလေးတွေကို စာတွေလိုက်ဝေနေတယ်ပေါ့၊ဆယ်အိမ်မှူးတွေနဲ့ လည်း ဒီရက်ပိုင်း အဲ့ကိစ္စဆောင်ရွက်နေတာ" ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။

    အဆိုပါအုပ်ချုပ်ရေးမှူးသည် တောင်ကလေးကျေးရွာအုပ်စုရှိ အင်းဝကျေးရွာ၊ ကွင်းကလေးကျေးရွာနှင့် ထိုကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို စစ်မှူးထမ်းရန် စာရင်းကောက်ခံခြင်း၊ ဖိတ်ခေါ်ကမ်းလှမ်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

    ယင်းအပြင် ယနေ့ မတ်လ ၂၅ ရက်နေ့တွင် စစ်မှူးထမ်းရန် ဖိတ်ခေါ်ထားသည့် လူငယ်တို့ကို မဲနှိုက်ပွဲပြုလုပ်ပေးရန်ရှိပြီး ထိုကဲ့သို့ လူငယ်များကိုစစ်ထဲသို့ တွန်းပို့ရန် ကြိုးပမ်းခြင်းကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFမှထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင်လည်း ကောင်းကွတ်တီးယိုဆိုင်ပိုင် ဦးနေမင်းကြည်ကို စစ်ကောင်စီခရိုင် ထောက်လှမ်းရေးအဖွဲ့သတင်းပေးဟုဆိုကာ ပစ်သတ်ခံခဲ့ရကြောင်း ကျိုက်ထိုမြို့ဒေသခံကဆက်ပြောသည်။

    ၎င်းပြင် စစ်ကောင်စီ၏ စစ်မှူးထမ်းဥပဒေကိစ္စကို ကိုယ်တိုင်ပါဝင်၍ အကောင်ထည်ဖော်ဆောင်ရွက်နေသူတို့ဖြစ်စေ၊ လိုက်ပါပူးပေါင်းပါဝင်နေသူတို့ဖြစ်စေ၊ စစ်တပ်လက်အောက်ခံအားလုံးကို အရေးယူရှင်းလင်းသွားမည်ဟု KRF ကျိုက်ထိုတော်လှန်ရေးအင်အားစုအဖွဲ့မှ ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks