Wednesday, March 11, 2026
More
    spot_img
    Homeသတင်းကော့ဘိန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

    ကော့ဘိန်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

    -

    ကရင်ပြည်နယ်၊ ကော့ဘိန်းကျေးရွာဘက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အပြင် ရေတပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ကစပြီး ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲသည် ညနေပိုင်းအထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတို့က ပြောသည်။

    “အပေါ်ကနေ ပစ်ချနေတာ အခုချိန်ထိပဲ။ အလုံး ၃၀ ထက်မနည်းရှိမယ် ပစ်ချနေတာ။ အိမ်တွေ လယ်ဘက်တွေလည်း မီးလောင်နေတယ်။ လူလည်း ၂ ယောက် ထိထားတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

    စစ်ကောင်စီတပ်ဘက်က ပစ်ခတ်မှုကြောင့် ကော့ဘိန်းကျေးရွာခံတစ်ဦးနှင့် ကော့ပေါက်ကျေးရွာခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံတို့က ပြောသည်။

    လက်ရှိတွင် ကော့ဘိန်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

    ဒေသတွင်းတိုက်ပွဲကြောင့် ကော့ဘိန်းနှင့် အနီးနားရှိ ကော့ပေါက်၊ ဓမ္မသ၊ တရာနာ အစရှိသည့်ကျေးရွာတို့မှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မရဘဲ ကျေးရွာအတွင်း ပိတ်မိနေသည်ဟုလည်း သိရသည်။

    ကော့ဘိန်းနယ်မြေရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတုန်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks