spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းရှမ်း-ကယားနယ်စပ်ရှိ ဆေးရုံကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်

    ရှမ်း-ကယားနယ်စပ်ရှိ ဆေးရုံကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်

    -

    ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်(ကယား)ပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ် ဆေးရုံတစ်ခုကို ယနေ့ မတ်လ ၂၂ နံနက်ပိုင်းက စစ်ကောင်စီမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသအခေါ် လအိဆေးရုံကို စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံး ဖြင့် လေကြောင်းမှ ၄ ကြိမ် တိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။

    “လူသေဆုံးမှုကရှိပါတယ်။ အခုက အနားကိုကပ်လို့မရသေးဘူး။ ဘယ်တော့ နောက်တစ်ကြိမ်လာကြဲမလဲဆိုတာလဲ စိုးရိမ်ရတော့လေ။ ဆေးရုံက အဟောင်းပါ ဒါပေမယ့် ထိခိုက်တာ။ သေဆုံးတာတော့ရှိပါတယ်” ဟု ရှေ့တန်းရဲဘော်က လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ၊ ကလေးတစ်ဦး အပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂက ထုတ်ပြန်ထားသည်။

    ၂၀၂၄ ခုနှစ် ပထမ ၃ လတာကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှု ၁၅ ဦးရှိပြီး စစ်အာဏာသိမ်း ၃ နှစ်တာကာလအတွင်း စစ်ကောင်စီကြောင့် အရပ်သားသေဆုံးမှု ၄၇၂ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ အချက်အလက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks