spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းစားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအခက်ခဲကြောင့် ကော့ကရိတ်စစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်လာ

    စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအခက်ခဲကြောင့် ကော့ကရိတ်စစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်လာ

    -

    စစ်ကောင်စီနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် ၃လကျော်ကြာ စစ်ဘေးရှောင်နေသည့် ကော့ကရိတ်စစ်ဘေးရှောင်တချို့ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအခက်ခဲကြောင့် ပြီးခဲ့သည့် မတ်လ ပထမအပတ်မှစပြီး နေရပ်ပြန်လာသူတို့ ရှိနေကြောင်း စစ်ဘေးရှောင်သူတို့မှ သိရသည်။

     ကော့ကရိတ်မြို့မှ စစ်ဘေးရှောင်လာသူတို့သည့် ကူညီထောက်ပံ့မှု တစ်စုံတစ်ရာမရရှိသည့်အပြင် နီးစပ်ရာဘုန်းကြီးကျောင်းတို့တွင်သာ ဝမ်းရေးဖြေရှင်းနေရခြင်းကြောင့် နယ်မြေမလုံခြုံသော်လည်း နေရပ်ပြန်သည့်လမ်းကိုသာ ရွေးချယ်ရကြောင်း စစ်ဘေးရှောင် ဒေသခံတစ်ဦးက ဆိုသည်။

    “ပိုက်ဆံမရှိတဲ့လူကျတော့ တခြားနေရာမှာ နေဖို့ထိုင်ဖို့ အဆင်မပြေကြဘူးလေး ဒီအတိုင်းပဲပြန်ကြတာပေါ့ ကော့ကရိတ်အခြေအနေလည်း မကောင်းသေးဘူး၊ မီးကလည်း ဟိုမှာလောင် ဒီမှာလောင်နေတုန်းပဲ၊ ဒါပေမဲ့ ကိုယ်အိမ်ဆို စားဖို့သောက်ဖို့ နည်းနည်းအဆင်ပြေမလားပေါ့လေ" ဟု ဆိုသည်။

    အကူညီထောက်ပံ့မှု တစ်စုံတစ်ရာ မရရှိသူတို့သည် ဆက်သွယ်ရေးလိုင်းအခက်အခဲနှင့် လမ်းပန်းဆက်သွယ်ရေးအခက်ခဲတို့ကြောင့်ဖြစ်နိုင်သည်ဟုလည်း ၎င်းစစ်ဘေးရှောင်က သုံးသပ်ပြောဆိုသည်။

    လက်ရှိ ကော့ကရိတ်မြို့ အမှတ် (၅) ကွက်သစ်ရပ်ကွက်တွင် စစ်ဘေးရှောင်တို့ ၅၀ ဦးအထိ ပြန်လည်နေထိုင်ကြပြီး ကျန်ရပ်ကွက်တို့တွင်လည်း ပြန်လည်နေထိုင်သူတို့ရှိလာကြောင်း သိရသည်။

    ထို့အပြင် ကာ့ကရိတ်မြို့ပေါ်တွင် စစ်ကောင်စီမှ လက်နက်ကြီးနှင့်ပစ်ခတ်မှု ဒရုန်းဖြင့် တိုက်ခိုက်မှုအပြင် နေအိမ်မီးလောင်မှု ဖောက်ထွင်းခံရမှုတို့ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့အထိ ဖြစ်ပွားနေခြင်းကြောင့် နေရပ်မပြန်ရဲသူတို့လည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

    “ ဘာလို့ ကော့ကရိတ်မပြန်သေးလည်းဆိုတော့ အိမ်တောင် ရှိလာ မရှိလာတော့မသိဘူး အိမ်မီးလောင်တဲ့အထဲမှာပါသွားတယ်လေ အခုလက်ရှိမှာ တိုက်ပွဲဖြစ်နေတာ ဘယ်သူမှ မပြန်ရဲဘူးလေး စိတ်မကောင်းကလွဲလို့ ဘာလုပ်လို့ရမှာလဲ”ဟု မြဝတီတွင် စစ်ဘေးရှောင်နေသည့် ဦးမောင်ကြာကဆိုသည်။

    တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစပြီး ဒေသခံတို့သည် မော်လမြိုင်၊ ဖားအံ၊ သာမည၊ ကျုံဒိုး၊ နဘူး၊ အိန္ဒုနှင့် မြဝတီတွင်လည်း နေရာအနှံ့ ခိုလှုံလျှက်ရှိကြောင်း သိရသည်။

    ကော့ကရိတ်မြို့တွင် လက်နက်ကိုင်ပဋိပက္ခတင်းမာမှု ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အိုးအိမ်စည်းစိမ်ထက် အသက်အန္တရာယ် လုံခြုံရေးသာ အရေးကြီးခြင်းကြောင့် နေရပ်မပြန်ရန်လည်း ကော့ကရိတ်စစ်ဘေးရှောင်ကူညီနေသူတို့က အသိပေး ပြောဆိုထားသည်။

    ကော့ကရိတ် စစ်ဘေးရှောင်တို့ကို ယခင် ကရင်စစ်ဘေးရှောင် ကူညီးရေးအဖွဲ့တို့ဖြစ်သည့် ပြည်တွင်းဌာနနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ(CIDKP) နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO ) ၊ ကရင်လူငယ်အစည်းအရုံး (KYO) ၊တို့ ဦးဆောင်ပြီး တစ်နိုင်တစ်ပိုင်လှူရှင်များ၊ ပြည်တွင်းပြည်ပ စစ်ရှောင်အကူအညီပေးဝေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks