Saturday, March 14, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့အဝင် တိုးဂိတ်နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ဟု ဆို

    သံဖြူဇရပ်မြို့အဝင် တိုးဂိတ်နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ဟု ဆို

    -

    မွန်ပြည်နယ်၊ မော်လမြိုင် – ရေးကားလမ်းမပေါ်ရှိ သံဖြူဇရပ်မြို့အဝင် တိုးဂိတ်နေရာတွင် ယနေ့ ညနေပိုင်း ၈ နာရီကျော်အချိန်ခန့်က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းသတင်း အရင်းအမြစ်များထံမှ သိရသည်။

    မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာအနီးရှိ သံဖြူဇရပ်မြို့အဝင် တိုးဂိတ်နေရာတဝိုက်တွင် စခန်းချနေရာယူထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့ဘက်က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ချိန် မိနစ် ၂၀ ခန့် ကြာမြင့်သည်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

    အဆိုပါ ပစ်ခတ်မှုကို မည်သည့်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့မှ လုပ်ဆောင်သည်နှင့် တစုံတရာထိခိုက်မှုအခြေအနေများကို IMNA မှ အတည်မပြုနိုင်သေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks