spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းရန်အတွက် စစ်ကောင်စီက မက်လုံးပေး စည်းရုံးနေ

    စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက မက်လုံးပေး စည်းရုံးနေ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့မှ စစ်မှုထမ်းရန် အကျုံးဝင်သူများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်မှုဝင်ထမ်းရန်အတွက် ငွေကြေးဖြင့် မက်လုံပေး စည်းရုံးမှုနေကြောင်း သိရသည်။

    စစ်မှုထမ်းရန် အကျုံးဝင်သူများကို ပြီးခဲ့သည့် မတ်လဒုတိယအပတ်က ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်မှုထမ်းသူများ စစ်သင်တန်းတက်ရောက်မည့် သုံးလတာကာလတွင် တစ်ဦးလျှင် တစ်လ ကျပ် ၁၅ သိန်း ထောက်ပံ့ပေးသွားမည်ဟု စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က ပြောဆိုခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ထိုသို့ ငွေကြေးပမာဏအများအပြားပေးမည်ဟု ပြောဆိုလာပြီးနောက် အခြေခံလူတန်းစာ၊ နေ့စားသမားတို့က စစ်မှုထမ်းရန် စိတ်ဝင်စားလာကြကြောင်း ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။

    “တစ်သုတ်ကို တစ်ရွာနှစ်ယောက်ယူတာ၊ အခုဆိုကျနော်တို့ရွာအတွက် တစ်ယောက်ရထားပြီးပြီး အုပ်ချုပ်ရေးမှုးနောက်ကို လိုက်နေတဲ့ တစ်ယောက်ပေါ့၊ ဒီလို ၁၅ သိန်းအထိ ပေးမယ်ဆိုတော့လည်း တနေ့လုပ် တနေ့စားလူတွေက သူတို့ စိတ်ဝင်စားတယ်ပေါ့။ ဝင်မယ်လို့လည်း ပြောနေကြတာကြားတယ်” ဟု ၎င်းက ဆိုသည်။

    စစ်မှုထမ်း ပထမအသုတ်တွင် တစ်ရွာလျှင် ၂ ဦး ဆင့်ခေါ်သွားမည်ဖြစ်ပြီး စစ်မှုထမ်းမည့်သူ ၂ ဦးအတွက် တစ်လ သိန်း ၃၀ ပေးမည့်ငွေကို ရွာကနေ ကောက်ခံသွားရမည်ဖြစ်ကြောင်းကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က ပြောကြားထားကြောင်းလည်း သိရသည်။

    “ကြားနေတာကတော့ ကလွီဘက်မှာ တစ်အိမ်ကို ၁၀၀၀၀ ကောက်နေတယ်။ ကျနော်တို့ဘက်မှာတော့ တစ်အိမ်ဘယ်လောက်ပေးရမယ်ဆိုတာတော့ မသတ်မှတ်ရသေးဘူး။ ဒီ ၅ လပိုင်းလောက်မှ သူတို့ပြောမယ် တစ်အိမ်ဘယ်ကောက်မယ်ဆိုတာ” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

    ချောင်းဆုံမြို့နယ်အတွင်းတွင် စစ်မှုထမ်းသူတို့ကို ထောက်ပံ့ရန်အတွက်ဆိုပြီး ကျေးရွာအချို့တွင် တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ ကနေ ကျပ် ၅၀၀၀၀ အထိ ကောက်ခံမှု ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

    စစ်မှုထမ်းရမည့်သူများအနေဖြင့် စစ်သင်တန်းပြီးလျှင် နိုင်ငံတော်က ချမှတ်ထားသည့် စားနပ်ရိက္ခာနှင့် လစာ ကျပ် ၄၂၀၀၀၀ ကို အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး မိမိတို့ဒေသတွင် ကျေးရွာပြည်သူ့စစ်အဖြစ် အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ရှင်းလင်းထားကြောင်း သိရသည်။

    စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေ ထုတ်ပြန်လာပြီးနောက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်မှုထမ်းကိစ္စကို ပထမဦးဆုံးစတင်လှုပ်ရှား ဆောင်ရွက်လာသည်။

    သုတေသနအဖွဲ့ဖြစ်သည့် ISP Myanmar ၏အစီရင်ခံစာအရ စစ်မှုထမ်းဥပဒေကြောင့် အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်ပြီး နိုင်ငံထွန်းလင်းမှုလမ်းကြောင်း တစ်ခုလုံး မျိုးဆက်နှင့်ချီ အနုတ်လက္ခဏာအရွေ့ဖြစ်သွားနိုင်ခြေရှိကြောင်း သုံးသပ်ပြောဆိုထားသည်။

    တဖက်တွင်လည်း စစ်မှုထမ်းရန် စီစဉ်ဆောင်ရွက်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အပါအဝင် ပြည်နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုတို့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks