spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလုပ်သားရှားပါးလာသည့်အတွက်အသက်မပြည့်သေးသည့် ကလေးများလုပ်ငန်းခွင်တွင် ပိုမိုများလာ

    လုပ်သားရှားပါးလာသည့်အတွက်အသက်မပြည့်သေးသည့် ကလေးများလုပ်ငန်းခွင်တွင် ပိုမိုများလာ

    -

    စစ်ကောင်စီက ပြန်လည်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဉပဒေကြောင့် လုပ်သားဦးရေရှားပါးလာပြီး လုပ်ငန်းခွင်တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ ပိုမိုများပြားလာသည်ဟု ကလေးသူငယ်အရေး စောင့်ရှောက်နေသူတို့မှ သိရသည်။

    အရွယ်ရောက်ပြီးသည့် နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ-၁၀ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ထားပြီး မွန်ပြည်နယ်ရှိ စစ်မှုမထမ်းလိုသည့် လူငယ်အများစု ပြည်ပသို့ ရသည့်နည်းလမ်းဖြင့် ထွက်ခွာကြသည်။

    ထို့ကြောင့် လက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်စသည့် နေရာများတွင် လုပ်သားခေါ်ယူမှု ခက်ခဲလာပြီး မိသားစုစားဝတ်နေရေးအဆင်မပြေသည့် အသက်မပြည့် ကလေးငယ်တို့သာ ဝင်ရောက်နေရာယူလာသည်ဟု မိဘမဲ့ကလေးကူညီစောင့်ရှောက်သူတစ်ဦးက ဆိုသည်။

    “ကလေးလုပ်သားတွေပိုများလာတာက အဲ့စစ်မှုထမ်းဉပဒေဂယက်ကြောင့်လည်းပါတယ်။ အသက်အရွယ်ပြည့်နေတဲ့ လူတော်တော်များများက မြန်မာနိုင်ငံမှာအလုပ်လုပ်တာထက်ပြည်ပကိုသွားချင်တဲ့စိတ်က အရမ်းများနေတဲ့အခါကျတော့ မိသားစုစားဝတ်နေရေး မပြေလည်တဲ့ကလေးတွေကက အလုပ်လုပ်လာကြတာပေါ့ ” ဟု ဆိုသည်။

    လက်ရှိ မော်လမြိုင်မြို့ပေါ်တွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်ကြားတွင်ရှိသည့် ကလေးလုပ်သားတို့ကို နေရာအနှံ့တွေ့မြင်ရပြီး လစာနှုန်းအနေဖြင့် ၁ သိန်းကနေ ၁သိန်း ၈ သောင်း ဝန်းကျင်ရနေသော်လည်း တစ်ချို့တွင် ပွဲစား၏ ခေါင်းပုံးဖြတ်အမြတ်ထုတ်ခံရသူများရှိကြောင်း ဆက်လက်ပြောထားသည်။

    လုပ်သားရှာဖွေရခက်သည့် ပြဿနာကြောင့်အပြင် နေရာထိုင်းခင်းလိုအပ်သည့် စစ်ဘေးရှောင်ကလေးတို့ကြောင့် ကလေးလုပ်သား ပိုမိုများပြားလာသည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောထားသည်။

    “ တစ်ချို့ကလေးကျတော့ နေရာထိုင်ခင်း စားဖို့သောက်ဖို့ လိုအပ်တာတွေလည်းပါတယ်၊ စားသောက်ဆိုင်တို့ tea house တို့ အားလုံးနီးပါးပါပဲ၊ ကျောင်းနေရမဲ့အရွယ် ၅၀ ရာခိုင်နှုန်းလောက်ရှိနေတာ" ဟု ဆိုသည်။

    ထို့အပြင် ကလေးလုပ်သားအရေအတွက် လျှော့ချရန် သက်ဆိုင်သည့်အဖွဲ့အစည်းတို့က ကြိုးစားခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကလေးလုပ်သားအရေး အကာအကွယ်ပေးနေသည့် ယန္တယားတို့လည်း ပျက်စီးလာကြောင်း ဆက်ပြောသည်။

    ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုကပ်ဘေးကြောင့် ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ၁ ဒသမ ၁ သန်းကျော်ရှိနေသည်ဟု ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks