spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် မလွှဲတောင်ဂိတ် ဖြတ်သန်းခွင့်ပိတ်ထား

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် မလွှဲတောင်ဂိတ် ဖြတ်သန်းခွင့်ပိတ်ထား

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျောက်တလင်းနှင့် ရာဖူးကျေးရွာဘက်သို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် စစ်ကောင်စီမှ မလွဲတောင်ဂိတ် ဖြတ်သန်းခွင့် ပိတ်ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    အဆိုပါကျေးရွာဘက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှကား ၁၄ စီး အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ရေဖြူမြို့နယ် အလယ်စခန်းဒေသခံတစ်ဦးက ပြောသည်။

    “သူတို့က ရွာသစ်၊ မရော့ချိုင်းဘက်ကနေ ထွက်လာကြတာ ပြီးတော့ ရွာထဲဝင်လာပြီးတော့ ကျောက်တလင်း၊ ရာဖူးဘက် စစ်ကြောင်းထိုးသွားတာ။ ကျောက်တလင်းကလူတွေကိုမေးတာတော့ ကျောက်တလင်းကိုကျော်သွားပြီး၊ ကျောက်တလင်းနဲ့ရာဖူးကြားမှာ ပျောက်နေတာ” ဟု သူက ဆိုသည်။

    မလွှဲတောင်ဂိတ် ဖြတ်သန်းခွင့်ကို ရုတ်တရက်ပိတ်ထားခြင်းကြောင့် ဖြတ်သန်းသွာလာနေသည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တို့ ပိတ်ဆို့နေကြောင်းသိရသည်။

    ထို့အပြင် ပစ်ခတ်မှုတစ်စုံတစ်ရာ ဖြစ်ပွားမည်ကို စိုးရိမ်ခြင်းကြောင့် လိုက်ပါလာသည့် ခရီးသည်တို့ နီးစပ်ရာ ရွာတွင်ထွက်ပြေးခိုလှုံနေသည့်အပြင် မလွှဲတောင်ဂိတ်မှ စစ်ကောင်စီ လုံခြုံရေးတပ်သားတို့လည်း ထွက်ပြေးတိမ်းရှောင်နေသည်ဟု အလယ်စခန်းဒေသခံက ဆက်ပြောသည်။

    “စစ်ဆေးဂိတ်ကိုတော့ပိတ်ထားတယ် ဟိုအဖွဲ့တွေကိုကြောက်လို့ပိတ်လိုက်တာနေမှာပေါ့ ဂိတ်မှာတော့သူတို့တပ်သားတွေ ဘယ်သူမှမရှိတော့ဘူး။ ထွက်ပြေးကုန်ပြီး။ ခရီးသွားတဲ့သူတွေကတော့ ရွာနဲ့နီးတဲ့သူတွေက အိမ်ကိုလှည့်ပြန်လာကြတယ် ကုန်ကားတို့ မှန်လုံကားတို့ဆို အဲ့မှာပဲ ပိတ်ဆို့နေတာ” ဟု ၎င်းက ဆိုသည်။

    ယနေ့မတ်လ ၁၉ ရက်နေ့ မွန်းလွှဲပိုင်းအချိန်အထိ နှစ်ဖက်ပစ်ခတ်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသော်လည်း မလွှဲတောင်ဂိတ် ဖြတ်သန်းခွင့် ပိတ်ထားဆဲဖြစ်ခြင်းကြောင့် အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားများ ရာနှင့်ချီစောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

    မည်သည့်အကြောင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည်ကို မသိရသော်လည်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားမည်ကို ဒေသခံတို့က စိုးရိမ်လျှက်ရှိသည်။

    ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်အမျိုးသားနေ့ အထိမ်းအမှတ် အနေဖြင့် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ၎င်း တိုက်ခိုက်ခံရမှုကြောင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် နယ်စပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစပြီး တစ်ရက် ၈ နာရီသာ ဖြတ်သန်းခွင့်ပြုရန် ထပ်မံကန့်သတ်ထားကြောင်းလည်း သိရသည်။

    အဆိုပါ မလွှဲတောင်ဂိတ်တွင် ဒေါနတပ်ခွဲ ၄ (ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KBDF) ၊ YAF တပ်ဖွဲ့၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်တနင်္သာရီ မဟာမိတ်အဖွဲ့ SFZ တို့ ဒရုန်းဖြင့် တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks