spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေး- သံဖြူဇရပ်ကားလမ်းတွင် လက်ပြန်ကြိုးတုပ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိ

    ရေး- သံဖြူဇရပ်ကားလမ်းတွင် လက်ပြန်ကြိုးတုပ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတွေ့ရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကြိုးတံတားရွာနှင့် စံပြရွာကြား၊ ရေး-သံဖြူဇရပ်ကားလမ်းဘေးတွင် လက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတစ်ခု ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိ ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    လက်ပြန်ကြိုးတုပ်ထားပြီး လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားသည် အသက် ၅၀ နှစ်အရွယ်ခန့်ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ဒီနေ့မနက် ၇ နာရီလောက်မှာ လမ်းသွားလမ်းလာတွေက အဲ့ဒီအလောင်းကိုတွေ့တာ။ လက်ပြန်ကြိုးတုပ်ပြီး လည်ပင်းကို လှီးသတ်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ရုပ်လောင်းကိုသယ်ဖို့ လူမှုကူညီရေးအဖွဲ့တွေကို အကြောင်းကြားပေးခဲ့ပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    ထိုအမျိုးသား၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တို့က လမိုင်းဆေးရုံသို့ သယ်ယူပို့ဆောင်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks