spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူလမ်းဝရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့

    ဘုရားသုံးဆူလမ်းဝရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သက္ကော့ကျေးရွာ၊ ဘုရားသုံးဆူးလမ်းဝရှိ စစ်ကောင်စီဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်ခန့်တွင် ဒရုန်း ဗုံးသီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    လက်လုပ်ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်ခံရသည့် စစ်ကောင်စီဂိတ်က တပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ပြောဆိုထားသော်လည်း လွတ်လပ်သော မွန်သတင်း အေဂျင်စီအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

    “မနေ့က အသံတော့ ကြားလိုက်တယ်၊ ဒါပေမယ့် သူတို့ (စစ်တပ်) ဂိတ်မှာတော့ တစ်ခုခုထူးခြားနေတာတွေ မတွေ့ရဘူး” ဟု ဘုရားသုံးလမ်းဝအနီးတဝိုက်တွင်ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၂၇)၊ PDF (တောင်ညိုစစ်ကြောင်း) နှင့် မွန်ပြည်သစ်ပါတီ (AD) တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ခဲ့ခြင်းဖြစ်သည်ဟု တောင်ညိုစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks