spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းရေးလုပ်ငန်းစဥ်တွင် မဆောင်ရွက်လိုသည့် မွန်က ရပ်ကျေးအုပ်ချုပ်ရေးမှုးအချို့ တာဝန်မှ နှုတ်ထွက်

    စစ်မှုထမ်းရေးလုပ်ငန်းစဥ်တွင် မဆောင်ရွက်လိုသည့် မွန်က ရပ်ကျေးအုပ်ချုပ်ရေးမှုးအချို့ တာဝန်မှ နှုတ်ထွက်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဆောင်ရေးလုပ်ငန်းစဥ်တွင် ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိသည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုး တာဝန်မှ နှုတ်ထွက်သူအချို့ ရှိလာသည်ဟု ဒေသတွင်းသတင်းအမြစ်များထံမှ သိရသည်။

    လက်ရှိတွင် ဗမာစစ်တပ်ထံ စစ်မှုထမ်းဆောင်ရမည့်သူ အမည်စာရင်းကို ကျေးရွာအလိုက် ကောက်ခံပေးဖို့ စစ်ကောင်စီ မြို့နယ်ရုံးမှတစ်ဆင့် ညွှန်ကြားလာပြီးနောက် မွန်ပြည်သစ်ပါတီ (AD) ကလည်း စစ်မှုထမ်းဆောင် ရေးလုပ်ငန်းစဥ်တွင် ပူးပေါင်းလုပ်ဆောင်သူများကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ထုတ်ပြန်ပြောဆိုလာသည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဒေသဘက်မှာ စစ်ကောင်စီက ညွှန်ကြားတဲ့အတိုင်းလုပ်ရင် အခြားတစ်ဖွဲ့က အပြစ်ပေးတာလည်းခံရမယ်၊ ကျဥ်းထဲကျပ်ထဲရောက်နေပြီး မလိုက်နာလို့လည်း မရ၊ အဲဒါနဲ့ပဲ ရေးမြောက်ပိုင်းက အုပ်ချုပ်ရေးမှူးတစ်ချို့က အလုပ်ထွက်လိုက်ကြတယ်” ဟု ရေးမြို့မြောက်ပိုင်းမှ ကျေးရွာရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    စစ်ကောင်စီ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာလုပ်ဆောင်ရမည်ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တို့၏ ဖိအားပေး အရေးယူမည့် ထုတ်ပြန်ချက်လည်း ရှိနေတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအတွက် အကျပ်ရိုက်စေမည့် အနေအထားတွင်ရှိနေသည်ဟု ဆိုသည်။

    ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေနှင့် နီးစပ်သည့် မွန်ပြည်နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ တာဝန်မှ နှုတ်ထွက်ရသည့် အခြေအနေဖြစ်လာခဲ့သည်။

    “ကျွန်တော်တို့နဲ့ ခင်တဲ့ (အုပ်ချုပ်ရေးမှုး) သူဆိုရင် ဒီလိုမျိုး ပြောလိုက်တာရှိတယ်။ ကျွန်တော်တို့ဒေသက မွန်ပြည်သစ် ထိန်းချုပ်နယ်မြေနဲ့ အနီးစပ်နေရာမှာဖြစ်နေတယ်။ ဆိုတော့ စစ်တပ် ခိုင်းတာကို လုပ်ပေးရင် အချိန်မရွေး သူတို့ (မွန်ပြည်သစ်ပါတီ – AD) အရေးယူနိုင်တဲ့အခြေအေနမှာရှိနေတဲ့အတွက် ဒီအချိန်ဟာ (အုပ်ချုပ်ရေးမှုး) တာဝန်ကနေ နှုတ်ထွက်လိုက်တာ အကောင်းဆုံးပဲ၊ ဆိုပြီးတော့ အဲဒီလိုမျိုး အကြံပေးခဲ့တာရှိတယ်” ဟု အခြား ကျေးရွာရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    စစ်မှုထမ်းဆောင်ရန် အမည်စာရင်းကောက်ခံရမည့် လုပ်ငန်းစဥ်များအား စစ်ကောင်စီမှ ညွန်ကြားလာပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ-AD အနေဖြင့်လည်း စစ်မှုထမ်းရန် ပါဝင်ဆောင်ရွက်ပေးသည့် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြောက်ပိုင်းက ရပ်ကျေးအုပ်ချုပ်ရေမှုးများကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

    လက်ရှိအခြေအနေအရ မွန်ပြည်နယ်တွင်ရှိသည့် မြို့နယ်အချို့၌ တပ်ဖွဲ့ဝင်အင်အားများ ဖြန့်ကျက်နေရာယူထားပြီးသာဖြစ်သည့် မွန်ပြည်သစ်ပါတီ (AD) က စစ်ကောင်စီနှင့် တိုက်ပွဲငယ်များ စတင်ဖော်ဆောင်လာသည်ကို တွေ့နေရပြီဖြစ်ကြောင်း ပြောဆိုနေကြသည်။

    ါတ်ပုံ – ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် NMSP-AD စစ်ကြောင်းကို တွေ့ရစဥ်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks