spot_img
Sunday, February 22, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်မှုထမ်းရန် ဆောင်ရွက်နေသူများကို ပြတ်ပြတ်သားသား အရေးယူမည်ဟု NMSP(AD) ထုတ်ပြန်

    စစ်မှုထမ်းရန် ဆောင်ရွက်နေသူများကို ပြတ်ပြတ်သားသား အရေးယူမည်ဟု NMSP(AD) ထုတ်ပြန်

    -

    စစ်မှုထမ်းရန်အတွက် ဆောင်ရွက်နေသူများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) က ယနေ့ မတ်လ ၁၅ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။

    စစ်ကောင်စီ လက်အောက်ခံ ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်းရန်အတွက် ကျိုက်မရောမြို့နယ်အတွင်း လူ ၁၀၀ ဦး ပေးပို့ရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို မတ်လ ၁၃ ရက်နေ့က ညွှန်ကြားထားတာရှိသည်။

    မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ရွာကြီး၊ ရွာငယ်ပေါ်မူတည်ပြီး တစ်ရွာလျှင် ၂ ဦးမှ ၁၀ ဦးကို ရပ်ကျေးအုပ်ချုပ်ရေးမှူးက ရွေးချယ်ပြီး မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

    ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီ ညွှန်ကြားထားသည့်အတိုင်း မလုပ်ဆောင်ရန် အမိန့်ကို NMSP(AD) က ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

    အမိန့်ကို မနာခံပဲ ဆက်လက်ဆောင်ရွက်နေပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်းကိုလည်း NMSP(AD) က အသိပေး ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် တိုင်းပြည်နှင့် လူငယ်တို့အတွက် အကျိုးယုတ်စေသည့်လုပ်ရပ်သာ ဖြစ်သည့်အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အနေဖြင့် ဆန့်ကျင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

    မွန်ပြည်နယ်တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သည့်လူငယ်များကို မတ်လကုန် နောက်ဆုံးထားပြီး အမည်စာရင်းပေးပို့ရန် စစ်ကောင်စီက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ညွှန်ကြားထားကြောင်း သိရသည်။

    ရန်ကုန်နှင့် နေပြည်တော်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သူများကို စတင်ခေါ်ဆောင်နေပြီး အခြားတိုင်းနှင့် ပြည်နယ်တို့တွင်လည်း စစ်မှုထမ်းသူများ စာရင်းကောက်ယူနေသည်ဟု သိရသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အမျိုးသားများသည် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီးများသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ပြဌာန်းထားပြီး လတ်တလောမှာတော့ အမျိုးသမီးများကို ခေါ်ယူရန် အစီအစဉ်မရှိသေးဘူးလို့ ကြေညာထားသည်။

    စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် (၁) ကို လာမည့် သင်္ကြန်အပြီး စတင်သွားဖြစ်ပြီး တစ်လလျှင် လူ ၅၀၀၀၊ တစ်နှစ်လျှင် လူ ၆၀၀၀၀ ခေါ်ယူသွားမည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks