spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းစစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်မှု ဆန့်ကျင်ရန် NUCC နှင့် NLD ထုတ်ပြန်

    စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်မှု ဆန့်ကျင်ရန် NUCC နှင့် NLD ထုတ်ပြန်

    -

    စစ်ကောင်စီက ခုခံစစ်ပွဲများတွင် အဓမ္မလုပ်အားခိုင်းစေရန်နှင့် လူသားဒိုင်း အသုံးပြုရန်အတွက် လူငယ်လူရွယ်များကို ပစ်မှတ်ထား အတင်းအဓမ္မဖမ်းဆီးမှုအား လက်မှတ်ရေးထိုးဆန့်ကျင်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံ၏ အ‌ခြေအနေသည် ပြည်ပအန္တရာယ်ကာကွယ်ရန် နိုင်ငံသားများ မဖြစ်မနေ စစ်မှုထမ်းဆောင်ရမည့် အခြေအနေ မဟုတ်သည့်အပြင် လူငယ်များကို အသုံးချက စစ်အာဏာရှင်၏ အကျိုးစီးပွားကို ဆက်လက်တည်တံ့စေမည့် လုပ်ရပ်ဖြစ်ကြောင်း ယနေ့ (မတ်လ ၁၄ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကို ပြည်တွင်းပြည်ပရှိ လူငယ်များအပါအဝင် မြန်မာနိုင်ငံသားများ၏ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲများ၊ တောင်းဆိုလှုပ်ရှားမှုများကို ကြိုဆိုကြောင်းနှင့် အဓမ္မစစ်သား စုဆောင်းမှုဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလက်မှတ်ရေးထိုးမှုကို မတ်လ ၁၀ ရက်နေ့တွင် စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း ဆိုသည်။

    တော်လှန်ရေးတွင် ပါဝင်နေသော လူငယ်တစ်ဦးက “ဒါကတော့ ကန့်ကွက်သင့်ပါတယ်။ NLD အနေနဲ့ သူ့ရဲ့ပါတီရှု့ထောင့်ကနေပြီးတော့ကမ်းပိန်းတွေ၊ လုပ်ကြတယ် ကိုင်ကြတယ်ဆိုတာ တစ်ဖက်တစ်လမ်းကနေ တွန်းအားတစ်ခု ဖြစ်စေတယ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ်မှာ တစ်စုံတစ်ရာ ကိုင်လှုပ်နိုင်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

    မြန်မာပြည်သူတို့၏ သဘောထားဆန္ဒဖြစ်သော ရရှိလာသည့် လက်မှတ်များကို နိုင်ငံတကာအစိုးရများ၊ အာဆီယံ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအသီးသီးထံ ပေးပို့သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    စစ်ကောင်စီက ပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်သည်။

    ထို့အတူ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေး သော နိုင်ငံသားတိုင်းကို ဆိုသည်။

    လက်ရှိမှာလည်း ရန်ကုန်၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် လူစာရင်း ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks