spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းခမရ ၃၅၅ တပ်ရင်းကိုသိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု KNU ထုတ်ပြန်

    ခမရ ၃၅၅ တပ်ရင်းကိုသိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု KNU ထုတ်ပြန်

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြဝတီ /သင်္ကန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်ရင်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မတ်လ ၁၃ ရက်နေ့ညက ထုတ်ပြန်သည်။

    စစ်ကောင်စီတပ် ခမရ (၃၅၅) တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီ ၄၅ မိခန့်တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

    အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူလည်း အများအပြားရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

    ၎င်းပြင် လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံး၊ ကျည်ဘောက်၊ ကျည်ဆံ၊ စစ်သုံးကားအပါအဝင် လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၆ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာနှင့် ၄ ဦး မစိုးရိမ်ရဒဏ်ရာ ရခဲ့သည်။

    နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း အပြစ်မဲ့ ပြည်သူ ၁၀ ဦးခန့် သေဆုံးသွားခဲ့ရပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် KNU က ပြောဆိုထားသည်။

    တိုက်ပွဲကြောင့် ပြည်သူပိုင်နေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးသွားခဲ့ပြီး ထောင်နှင့်ချီသည့် ဒေသခံတို့ကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    #crdphoto_𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks