spot_img
Thursday, April 24, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပတ်စပို့အတုဖြင့် ဝင်ရောက်မှုကြောင့် ဆက်တိုက်ဖမ်းဆီးခံရ

    ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပတ်စပို့အတုဖြင့် ဝင်ရောက်မှုကြောင့် ဆက်တိုက်ဖမ်းဆီးခံရ

    -

    ထိုင်း- မြန်မာ ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို ပတ်စပို့အတုဖြင့်  တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသားအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရသည်ဟု ဘုရားသုံးဆူမြို့ခံတို့မှသိရသည်။

     မြန်မာရွှေ့ပြောင်း လုပ်သားများဝင်ရောက်လာမှု များပြားလာခြင်းကြောင့်  ထိုင်းအာဏာပိုင်များကလုံခြုံရေးတင်းကြပ်လာသည့်နောက်ပိုင်း  ယခုကဲ့သို့ ပတ်စပို့အတုဖြင့် ဝင်ရောက်လာကြသည်ဟု ဘုရားသုံးဆူမြို့မှ ယာဉ်မောင်းတစ်ဦးကပြောသည်။

    “ပတ်စပို့အတုလုပ်ပြီးဝင်နေတာကဟိုကတည်းကပေါ့ အခုကပိုလုပ်လာတဲ့အခါ အဖမ်းခံရတာကလည်း ခဏခဏ ကြားနေရတယ်။ထိုင်းဘက်ကတာဝန်ရှိသူတွေကလည်းစစ်ဆေးတင်းကြပ်ထားတော့ အတုနဲ့ဝင်တဲ့သူတွေက အရေးယူခံရတာပိုများတယ်ပေါ့  တစ်ချို့ကျဝင်လို့ရတယ်။ ဝင်လို့လွတ်သွားတဲ့သူရှိရင်ရှိတယ် အခုနောက်ပိုင်း ထိုင်းသွားဖို့ ထိုင်းဘက်ခြမ်းကလည်း စစ်ဆေးတင်းကြပ်သွားတဲ့အခါ ပတ်စပို့အတုနဲ့ဝင်တဲ့သူတို့က အခက်ခဲတွေ့သွားနိုင်တာ ” ဟု ၎င်းကဆိုသည်။

     ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ဝင်ရန် ပတ်စပို့အတု သို့မဟုတ် အလုပ်သမား ကဒ် CI ကိုင်ဆောင်ထားသည့်  အသက် ၁၉ နှစ်နှင့် ၄၀  အကြား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၆ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

    ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက “စစ်မှုထမ်းရမယ့်အမိန့်ထုတ်ပြီး သုံးရက်အကြာမှာပဲ ကျနော် တက်လာတယ်၊ အခုနောက်ပိုင်းတော်တော်အဖမ်းခံရတယ်၊ တစ်ယောက်နှစ်ယောက်နဲ့ ဝင်သွားတဲ့အခါကျလွတ်ရင်လွတ်နိုင်တယ်၊ ဆယ်ဂဏန်းနဲ့ဆို သူတို့သံသယဝင်လွယ်တယ် ”ဟု ဆိုသည်။

     ပတ်စပို့စာအုပ်အတု လုပ်ဆောင်ပြီးထိုင်းနိုင်ငံသို့ဝင်ခွင့်ရသွားကြသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများသည်
    ယခင်ကလွတ်မြောက်သွားကြသော်လည်း  ထိုင်းနယ်စပ်ဂိတ်အားလုံးနီးပါး စစ်ဆေးရေးတင်းကြပ်ထားကြောင့် ဖမ်းဆီးခံရမှုလည်း များပြားလျှက်ရှိသည်။

    စစ်မှုထမ်းဥပဒေထုတ်ပြန်ထားသည့်အချိန်မှစပြီး ဘုရားသုံးဆူမြို့တွင် အသက်လတ်ပိုင်း လူငယ်လူရွယ်အပါအဝင် လက်လုပ်လက်စားပြည်သူတို့ တစ်ရက်လျှင် ရာနှင့်ချီ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် နေ့စဉ်ရောက်ရှိနေသည်ဟု ဘုရားသုံးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများလာသကဲ့သို့ အခြားပြည်ပသို့ထွက်ခွာရန် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများတို့လည်းများပြားလျက်ရှိကြောင်းသိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,100SubscribersSubscribe
    spot_img

    Latest posts