spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းမွန်လူထု စုစည်းညီညွတ်မှ မွန်အင်အားကြီးမည်ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော်ပြော

    မွန်လူထု စုစည်းညီညွတ်မှ မွန်အင်အားကြီးမည်ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော်ပြော

    -

    မွန်လူထုများအားလုံး စုပေါင်းညီညွတ်မှ မွန်အင်အားကြီးထွား မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ပြောဆိုသည်။

    “လက်ရှိနိုင်ငံရေးအခြေအနေမှာ မွန်ပြည်သူတွေအနေနဲ့ အားနည်းနေတာ တွေ့ရတယ်။ အဲဒါကြောင့် ကိုယ့်လူမျိုးမှာလည်း သူများတွေလို အင်းအားကြီးထွားနိုင်ဖို့က မွန်ပြည်သူတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ကြိုးပမ်းမှရမှာပါ။ ကျနော်တို့တပ်က စစ်တိုက်တာကိုပဲ အဓိကထားပါတယ်။ ကျနော်တို့မှာ မဟာမိတ်တွေ ထောက်ပံ့ပေးထားတဲ့ လက်နက်တွေ အပြည်အစုံရှိတယ်။ ဝင်လာတဲ့ မွန်လူငယ်တိုင်းကို ကျနော်တို့ လက်နက်တပ်ဆင်ပေးနိုင်တယ်။ အဲဒါကြောင့် ဝင်လာကြပါ။ သူများတွေလို အင်းအားကြီးချင်ရင် ဝင်လာကြပါ။ ဒီလိုအချိန်ကာလမျိုးမှ စိတ်ဓာတ်တွေ မနိုးထကြသေးဘူးဆိုရင် နောက်နောင် ဒီလိုအခွင့်အရေးမျိုး ရမှာမဟုတ်တော့ဘူး။ လူငယ်တွေကို မှာချင်တာက ပွဲလမ်းဘသင်တွေနဲ့ပဲ ပျော်ပါးမနေကြနဲ့တော့ အမျိုးသားရေးအတွက်ကိုလည်း အာရုံစိုက်ကြပါလို့ ပြောချင်ပါတယ်” ဟု MLA မဟာမိတ်ဆက်ဆံရေးဌာနမှ ဗညာမင်းကန်စီက ပြောသည်။

    မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA သည် မဟာလူမျိုးကြီးဝါဒပပျောက်ရေး၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ရေး၊ မွန်ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်အတွက် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက စတင်တည်ထောင်ခဲ့သည်။

    မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံ စစ်သင်တန်း တက်ရောက်ထားပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် မွန်ပြည်သစ်ပါတီ(NMSP-AD) နှင့်လည်း မဟာမိတ်အဖြစ် ပူးပေါင်းထားသည်။

    သို့သော် မွန်ပြည်သစ်ပါတီ(NMSP-AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့အကြား ဘယ်လိုမျိုးပူးပေါင်းသွားမလဲ၊ ဘယ်အဆင့်ထိ ပူးပေါင်းသွားမလဲဆိုတာကိုတော့ ဆွေးနွေးထားခြင်းမရှိသေးဘူးလို့ MLA ၏ ထုတ်ပြန်ပြောဆိုချက်အရ သိရသည်။

    “လူမျိုးဘာသာမရွေး စစ်အာဏာရှင်ကို တကယ်တိုက်ချင်တယ်ဆိုရင် ကျနော်တို့တပ်ထဲကို ဝင်လာပါ။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တဲ့သူမှန်သမျှက ကျနော်တို့ရဲ့ မဟာမိတ်တွေသာ ဖြစ်တယ်။ မွန်ပြည်ပါတီ ခွဲထွက် NMSP(AD) ကလည်း စစ်အာဏာရှင်ကို တကယ်တိုက်မယ်ဆိုရင် မဟာမိတ်အဖြစ် ကျနော်တို့ လက်ခံပြီးသားပါ။ မွန်ပြည်သစ်ပါတီတစ်ခုလုံးသာ NCA ကို ဖျက်ဆီးပြီး အာဏာရှင်ကို တိုက်မယ်ဆိုရင် ပိုတောင်ကောင်းသေးတာပေါ့။ ကျနော်တို့လည်း အဲဒီလိုဖြစ်ဖို့ မျှော်လင့်နေပါတယ်” ဟု ဗညာမင်းကန်စီက ဆက်ပြောသည်။

    စစ်အာဏာရှင်နှင့်သာ တကယ်တိုက်ပွဲဝင်သွားမည်ဆိုပါက တပ်သားနည်းမှာကို စိုးရိမ်းစရာမလိုဘဲ စားနပ်ရိက္ခာနှင့် လက်နက်တပ်ဆင်ပေးရန်သာ ပြင်ဆင်ထားကြဖို့ မွန်ပြည်သူတစ်ဦးက လွတ်လွပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

    “သူတို့(MLA) သာ တကယ်တိုက်မယ်၊ စစ်ရေးလှုပ်ရှားလာမယ်ဆိုရင် တပ်သား နည်းမှာကို စိုးရိမ်းစရာမလိုဘူး။ မွန်လူငယ်တွေက သူတို့(MLA) တပ်ထဲကို အကုန်ဝင်လာကြမှာပါ။ လူလိုသလောက် ရတယ်။ တပ်သားနည်းမှာကို လုံးဝမစိုးရိမ်းပါနဲ့။ စားနပ်ရိက္ခာနဲ့ တပ်ဆင်ပေးဖို့ လက်နက်တွေကိုသာ စုဆောင်းထားပါ။ လူငယ်တွေက သူတို့(MLA) နောက် အကုန်ပါလာကြမှာပါ” ဟု မော်လမြိုင်မြို့မှ မွန်ပြည်သူတစ်ဦးက ပြောသည်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် မွန်ပြည်နယ်မှာတော့ မွန်လက်နက်ကိုင်တပ်ဖွဲ့သစ်တွေဖြစ်ကြတဲ့ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း (MSRO) စတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့သစ် ၅ ဖွဲ့ထက်မနည်းပေါ်ပေါက်လာခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks