spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅၇၀၀ ကျော်ရှိ

    မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅၇၀၀ ကျော်ရှိ

    -

    မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေသူသည့် ကျောင်းသား၊ ကျောင်းသူ ၅၇၀၀ ဦးကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

    ယခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၀၁၅ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ၅၇၆၇ ဦးရှိသာရှိကြောင်း ပျက်ကွက်သူ ၂၄၆ ဦး ရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “စာမေးပွဲဝင်ရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်နည်းလို့ တချို့မြို့နယ်တွေမှာဆိုရင် စာစစ်ဌာနတစ်ခုတည်းဘဲ ထားရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

    တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများသည် မော်လမြိုင်မြို့နယ်တွင် အများဆုံးဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၁၄၄၈ ဦးရှိပြီး ချောင်းဆုံမြို့နယ်တွင် ၄၄၇ ဦး၊ ကျိုက်မရောမြို့နယ်တွင် ၃၀၃ ဦး၊ မုဒုံမြို့နယ်တွင် ၇၄၈ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ၆၂၅ ဦ၊ ရေးမြို့နယ်တွင် ၄၅၃ ဦး၊ ကျိုက်ထိုမြို့နယ်တွင် ၄၆၁ ဦး၊ ဘီးလင်းမြို့နယ်တွင် ၃၉၃ ဦး၊ သထုံမြို့နယ်တွင် ၄၅၉ ဦးနှင့် ပေါင်မြို့နယ်တွင် ၄၃၀ ဦးရှိသည်။

    ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုမတ် ၁၁ ရက်နေ့မှ ၁၉ ရက်အထိ ပိတ်ရက်မရှိ ဆက်တိုက်ကျင်းပသွားမည်ဟု စစ်ကောင်စီ စာစစ်ဌာနက ထုတ်ပြန်ထာသည်။

    ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၅၇၆၈ ဦး ရှိခဲ့သည်။

    စစ်တပ်အာဏာမသိမ်းခင်က မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီး တက္ကသိုလ်ဝင်တန်းစာမေပွဲဖြေဆိုသူ နှစ်စဉ်လျော့နည်းလာကာ ယခုပညာသင်နှစ်တွင် ၅၀၀၀ ကျော်သာရှိတော့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks