spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းအချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်လို့ အသွားအလာသတိထားရန် ရေးဘီလူး ထုတ်ပြန်

    အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်လို့ အသွားအလာသတိထားရန် ရေးဘီလူး ထုတ်ပြန်

    -

    မွန်ပြည်နယ်အတွင်း အချိန်မရွေး၊ နေရာမရွေး တိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် ပြည်သူများ အသွားအလာ သတိပြုကြရန် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

    “ဘီလူးနင်းမဲ့လမ်း” စစ်ဆင်ရေး အကောင်အထည်ဖော်တော့မည်ဖြစ်သည့်အတွက် ပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီလူးအဖွဲ့က မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

    ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်တင်သွားမည်ဆိုပြီး ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းခန့်ကလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကိုလည်း မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

    ၎င်းပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အရပ်သားဝန်းထမ်းများနှင့် စစ်ကောင်စီသတင်းပေး ဒလန်ဆိုပြီး သတ်မှတ်ခံရသူများကိုလည်း မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

    စစ်ကောင်စီကတော့ ရေးဘီလူးအဖွဲ့ကို  ဖမ်းဝရမ်းထုတ်ထားပြီး သတင်းပေးသူကို ဆုကြေးငွေပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။

    ရေးဘီလူးအဖွဲ့အပါအဝင် ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က နယ်မြေစိုးမိုးနိုင်ရေးအတွက် ရေး-သံဖြူဇရပ်ကားလမ်းတလျှောက် စစ်ဆေးမှု ဆက်တိုက်ပြုလုပ်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks