spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေး၊ တော်လှန်ရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံတွင်  အမျိုးသမီးများပါဝင်လာအောင် စည်းရုံးလှုံ့ဆော်

    နိုင်ငံရေး၊ တော်လှန်ရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံတွင်  အမျိုးသမီးများပါဝင်လာအောင် စည်းရုံးလှုံ့ဆော်

    -

    မွန်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများ  နိုင်ငံရေးနှင့် တော်လှန်ရေးကဏ္ဍတို့အပါဝင် အခြားအဖွဲ့အစည်း ကဏ္ဍအသီးသီးတွင် ပိုမိုပူးပေါင် ပါဝင်လာနိုင်ရန်   ယနေ့ (မတ်လ ၈)ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးအရေးဆောင်ရွက်သူတို့က စည်းရုံးလှုံ့ဆာ်နေကြောင်း သိရသည်။

    လက်ရှိနိုင်ငံရေးအခြေအနေတွင် အမျိုးသားနှင့် အမျိုးသမီးတို့ကြား ခွဲခြားမှုမရှိဘဲ ကျား/မတန်တူအခွင့်အရေးရရှိရန်၊ နိုင်ငံတစ်ဝှမ်းရှိ အမျိုးသမီးများ ကဏ္ဍအသီးသီး၊ အဖွဲ့အစည်းအသီးသီးတွင် ပါဝင်လာရန် စည်းရုံးသွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အမျိုးသမီးနှင့်ကလေးသူငယ်အရေးလှုပ်ရှားသူ မိသုဇာထောက ပြောသည်။

    “စည်းရုံးလှုံ့ဆော်တဲ့ ကမ်ပိန်းမျိုးတွေ လုပ်ပါတယ်၊ အမျိုးသမီးတွေရဲ့စိုးရိမ်ပူပန်မှုတွေ အမျိုးသားတွေကလုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူး၊ နိုင်ငံရေးအခန်းကဏ္ဍမှာ လုံခြုံရေးကဏ္ဍမှာရော ကိုယ်ကိုယ်တိုင်လုပ်ဆောင်နိုင်ဖို့အရေးကြီးတယ်၊ ဒါမဲ့ ဒီတော်လှန်ရေးကာလမှာ အမျိုးသမီးတွေများစွာပါဝင်လာကြပြီး။ ဒီပါဝင်နေမှုတွေကို အမျိူသားတာဝန်ရှိသူတွေက အသိအမှတ်ပြုပြီးနေရာပေးလာမယ်ဆိုရင် အင်အားပိုကောင်းလာမယ်။ အမျိူးသမီးပါဝင်မှုကို အလေးထားပါ၊ အမျိူးသမီးပါဝင်မှုကို အသိအမှတ်ပြုပါ၊ ပိုမိုပါဝင်လာနိုင်အောင် စည်းရုံးပါ”ဟု သူမက ဆိုသည်။

    ထို့အပြင် အမျိုးသမီးနှင့်သက်ဆိုင်သည့် ပညာပေးမှု၊လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွား ကျန်းမာရေး အခွင့်အရေးဆိုင်ရာ ၊ အမျိူးသမီးအသုံးအဆောင် ပစ္စည်းဖြန့်ဝေထောက်ပံ့မူနှင့် အမျိုးသမီး ဦးဆောင်မှုအပိုင်း ပါဝင်ရေး စည်းရုံးလှုပ်ဆော်မှုတို့ကို လှုပ်ရှားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

    ယခုနှစ် ၂၀၂၄ ခုနှစ်သည်  နိုင်ငံရေး၊ တော်လှန်ရေး ဆိုင်ရာအရေးကြီးသည့် နှစ်ဖြစ်သည့်အတွက် အမျိုးသမီးများ ပိုမိုပါဝင်ကြရန်လည်း မိသုဇာထောက တိုက်တွန်းပြောဆိုသည်။

    "လူမှုဘဝ ပဋိပက္ခကျော်လွှားနိုင်ဖို့အတွက် ကောင်းမွန်တဲ့နိုင်ငံတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတည်ဆောက်တဲ့နေရာမှာလည်း အမျိူသမီးများပါဝင်ဖို့ အမျိူသမီးအင်အားလည်း အရမ်းလည်းအရေးပါအရာရောက်တယ်၊ More Women More Peace ဆိုတဲ့အတိုင်း ကျွန်မတို့ရဲ့ လူနေမှုဘဝတိုးတက်ဖို့အတွက် ကဏ္ဍအစုံကအမျိုးသမီးတွေပါဝင်လာဖို့ရယ် အမျိုးသမီးတွေပိုပါဝင်လေ ငြိမ်းချမ်းရေးကိုပိုမိုရရှိလေပါ"ဟု ဆိုသည်။

    ယနေ့ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုသမီးများနေ့တွင် "လူနေမှုဘဝမြှင့်တင်ဖို့ ကဏ္ဍစုံမှာ တို့အမျိုးသမီးတွေပါဝင်စို့"ဆိုသည့် ဆောင်းပုဒ်ကိုစွဲကိုင်ပြီး ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

    ထို့အပြင် ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီး ၁၀ သန်းဝန်းကျင်သည် လူသားချင်းစာနာထောက်ထားမှုအကူညီလိုအပ်နေကြောင်းလည်း ဒီနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks