spot_img
Sunday, March 8, 2026
More
    spot_img
    Homeသတင်းဘီးလင်း၊ ကော့ကဒွတ်ရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းဖောက်ခွဲဖျက်ဆီးခံရ

    ဘီးလင်း၊ ကော့ကဒွတ်ရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းဖောက်ခွဲဖျက်ဆီးခံရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော့ကဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ယနေ့ မတ်လ ၇ ရက် နံနက်အစောပိုင်းအချိန်တွင် မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

    မိုင်းဖောက်ခွဲခံရမှုကြောင့် ကော့ကဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖေါ်ရန် ကြိုးပမ်းနေသည့် ကော့ကဒွတ်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို သတိပေးသည့်အနေဖြင့် ရုံးကို မိုင်းဖောက်ခွဲမှု လုပ်ဆောင်ခဲ့သည်ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့တို့မှ သိရသည်။

    ၎င်းပြင် ပြည်သူများအား စစ်မှုထမ်းရန် ဆင့်ခေါ်သူများကိုလည်း နောက်ပိုင်းတွင် စစ်ရာဇဝတ်မှု ကျူးလွန်သူများအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့တို့က ဆိုသည်။

    ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ မနက်အစောပိုင်းကလည်း ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မြို့မရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးမှာလည်း မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး ရုံးအဆောက်အဦး ထိခိုက်မှုများရှိခဲ့သည့်အပြင်၊ ဝန်ထမ်းတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks