Sunday, March 8, 2026
More
    spot_img
    Homeသတင်းထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိုမိုတင်းကြပ်ထားခြင်းကြောင့် ရာဘာဈေးနှုန်းကျဆင်း

    ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိုမိုတင်းကြပ်ထားခြင်းကြောင့် ရာဘာဈေးနှုန်းကျဆင်း

    -

    ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ဘုရားသုံးဆူနယ်စပ်ဂိတ်တို့တွင် ကုန်ပစ္စည်းတင်သွင်းခွင့် ပိုမိုတင်းကြပ်ထားခြင်းကြောင့် ရာဘာဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် ရာဘာဈေးတစ်ပေါင်လျှင် ပျမ်းမျှ ၁၇၈၀ ကျပ်မှ ၁၈၀၀ ကျပ်ဝန်းကျင်အထိ ဈေးရှိခဲ့ပြီး လက်ရှိ မတ်လ ၇ ရက်နေ့တွင် ကာလပေါက်ဈေး ၁၆၀၀ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်နေသည်ဟု ရာဘာအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

    “ထိုင်းဘက်ကိုပိတ်ထားလို့ တရုတ်ဘက်ပဲရောင်းရမယ်ဆိုရင် တရုတ်ဘက်ကဈေးကောင်မရဘူးလေ အဲတော့ ထိုင်းဘက်က ပိတ်ထားတယ်လို့ကြားတာနဲ့ တစ်ပေါင် ၁၀၀ ၊၁၅၀ လောက်က အောတိုကျတယ်၊ ရာဘာဈေးမကျရင်တောင် အခုလိုဂိတ်တွေ ပိတ်ထားတဲ့ချိန်ဆို ပုံမှန်ဈေးနဲ့ မဝယ်ရဲကြဘူးလေ ဈေးကျတယ်ပေါ့" ဟု ဆိုသည်။

    နယ်စပ်ဂိတ်တို့ကို ယာယီပိတ်ဆို့တင်းကြပ်လိုက်သည့်နောက် ထိုင်းရာဘာကုမ္ပဏီမှ ရာဘာ ဈေးနှုန်းမဖွင့်သကဲ့သို့ တရုတ်နိုင်ငံဘက်မှလည်း ဈေးနှုန်းမဖွင့်ခြင်းကြောင့် ရောင်းဝယ်ရ ခက်ခဲနေသည်ဟု ဆက်ပြောသည်။

    ” မြဝတီနယ်စပ်ရော သုံးဆူနယ်စပ်ရောအကုန်ပိတ်ထားတာ၊လုံးဝကိုသွင်းခွင့်မပေးတော့ဘူး၊ အခုအခြေအနေကလည်း ရာဘာအရောင်းအဝယ်ဖြစ်လား မဖြစ်လားလဲ မသေချာဘူး။ ကုမ္ပဏီဘက်ကလည်း ဈေးသေချာမဖွင့်ဘူး။ ထိုင်းဘက်လည်းဈေးသေချာမဖွင့်ဘူး။ တရုတ်ဘက်လည်းဈေးသေချာမဖွင့်ဘူး။ ရာဘာဈေးကတော့ကျနေတာသေချာတယ်” ဟု ဆိုသည်။

    ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစပြီး ထိုင်းနိုင်ငံ နယ်စပ်ဂိတ်တို့ကို ရက်အကန့်သတ်မရှိ မကြာခဏပိတ်ဆို့နေမှုကြောင့် ရာဘာအပြင် အခြားကုန်ပစ္စည်း ရောင်းဝယ်သူတို့လည်း လုပ်ငန်းရပ်နားထားရကြောင်း သိရသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံဘက်ကို တင်သွင်းမည့်ရာဘာတို့အပြင် အခြားကုန်ပစ္စည်းများလည်း ဘုရားသုံးဆူဘက်တွင် သောင်တင်နေကြောင်း ကုန်သည်တို့ထံမှ သိရသည်။

    စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်ဒေသကနေတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင်ဝင်ရောက်သူ ပိုမိုများပြားလာခြင်းကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်ကို တင်းကြပ်လာသည့်အပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့်ကိုလည်း ယာယီပိတ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks